Asia
ပါကစ္စတန်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်သော မတော်တဆမှုများတွင် လူ ၂၀၀ နီးပါး သေဆုံး

အစ္စလာမ်မာဘတ်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံတစ်ဝန်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးရွာသွန်းမှုနှင့်ဆက်နွှယ်သော မတော်တဆမှုများကြောင့် လူ ၁၉၄ ဦးထက်မနည်း သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) မှ ဩဂုတ် ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။
နိုင်ငံအနောက်မြောက်ပိုင်းရှိ ခိုင်ဘာပတ်ခ်တွန်ခဝါပြည်နယ်မှာ အဆိုးရွားဆုံးဖြစ်ပြီး လူ ၁၈၀ ဦး သေဆုံးခဲ့ကြောင်း၊ ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယာဒေသတွင် ကိုးဦးသေဆုံးကာ မြောက်ပိုင်း Gilgit-Baltistan ဒေသတွင် ငါးဦးသေဆုံးခဲ့ကြောင်း NDMA ၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထိခိုက်သေဆုံးမှုများမှာ မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုများကြောင့် မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် ရုတ်တရက်ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများနှင့် အိမ်ပြိုကျမှုများကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရုတ်တရက် ရေလွှမ်းမိုးမှုများကြောင့် လမ်းများ၊ တံတားများ၊ အိမ်များ၊ စာသင်ကျောင်းများ၊ ရေလှောင်ကန်များနှင့် စိုက်ပျိုးမြေများလည်း ပျက်စီးခဲ့ကြောင်း Gilgit-Baltistan ဒေသအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖာအီဇူလာ ဖာရက်က ပြောကြားခဲ့သည်။
လူအများအပြား ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးအဖွဲ့များက စိန်ခေါ်မှုရှိသော အခြေအနေများကြားမှ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ အာဏာပိုင်များက နယ်မြေအများအပြားတွင် အရေးပေါ်အစီအမံများ ပြုလုပ်လျက်ရှိကာ သတိကြီးစွာ စောင့်ကြည့်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အသက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားလျက် ပါကစ္စတန်သမ္မတ အဆစ် အလီ ဇာဒါရီက ရေဘေးသင့်သူများအား အကူအညီနှင့် ပြန်လည်ထူထောင်ရေးများအတွက် လိုအပ်သည့် ကယ်ဆယ်ရေးအစီအမံများအားလုံး ဆောင်ရွက်လျက်ကြောင်း ပြောကြားခဲ့သည်။
ဇွန်လနှောင်းပိုင်းမှစ၍ ရာသီမိုးရွာသွန်းမှုများကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝန်း လူ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြခဲ့သည်။ (Xinhua)
—————-
(English Version)
Nearly 200 killed in rain-triggered accidents across Pakistan
ISLAMABAD, Aug. 16 (Xinhua) — At least 194 people were killed and 28 others injured in rain-related accidents across Pakistan in the past 24 hours, the National Disaster Management Authority (NDMA) said Friday.
The northwest Khyber Pakhtunkhwa province was the worst hit, reporting 180 deaths, followed by Pakistan-controlled Kashmir with nine fatalities and the northern Gilgit-Baltistan region with five, according to the NDMA.
Officials said the casualties were caused by flash floods, landslides and house collapses triggered by heavy monsoon rains in northern and northwestern areas.
Flash floods also damaged roads, bridges, houses, schools, water tanks and agricultural land, Faizullah Faraq, a spokesman for the GB government said.
The official said that several people are missing, and rescue teams are conducting search operations despite challenging conditions, adding that emergency measures are in place in several areas, with authorities remaining on high alert.
Expressing grief over the loss of lives, Pakistani President Asif Ali Zardari said that all the necessary relief measures are being taken for the assistance and rehabilitation of those affected.
Since late June, seasonal rains have claimed more than 500 lives nationwide in Pakistan, official data showed.
English Caption
This photo taken with mobile phone shows a man in the debris of his destroyed house at a village following a cloudburst in Bajaur district of Pakistan’s northwest Khyber Pakhtunkhwa province on Aug. 15, 2025. (Str/Xinhua)