Asia
အပူပိုင်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လာအို မိုးလေဝသနှင့်ဇလဗေဒဌာန သတိပေး

ဗီယင်ကျန်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံ၏ မိုးလေဝသနှင့်ဇလဗေဒဌာနက သြဂုတ် ၁၆ ရက်မှ ၁၉ ရက်အတွင်း အပူပိုင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း၊ ရုတ်တရက်မြေပြိုခြင်းနှင့် ရေကြီးမှုများလည်း ဖြစ်ပေါ်လာနိုင်မည့် မိုးထစ်ချုန်းရွာခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများအတွက် ပြင်ဆင်ထားကြရန် နိုင်ငံတစ်ဝန်းမှ ပြည်သူများအား တိုက်တွန်းခဲ့သည်။
မြို့တော်ဗီယင်ကျန်းနှင့် အခြားသောဒေသများတွင် သြဂုတ် ၁၆ ရက်မှ ၁၇ အထိ မုန်တိုင်းသက်ရောက်မှု ဒဏ်ကို ကြုံတွေ့ရနိုင်ကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်းမှာ သြဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ နိုင်ငံ၏အချို့သောဒေသများအား ဆက်လက် သက်ရောက်မှုရှိနေမည်ဖြစ်ကြောင်း သတိပေးထား ခြင်းဖြစ်သည်။
အချိန်ကြာရှည်စွာ မိုးသည်းထန်ခြင်းကြောင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြို့ရွာများတွင်လည်း ရေကြီးမှုများဖြစ်ပေါ်လာနိုင်ရာ ဒေသဆိုင်ရာအာဏာပိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအပါအဝင် အားလုံးသောပြည်သူများအနေဖြင့် နိုးနိုးကြားကြား ပြင်ဆင်ထားကြရန် လာအိုမိုးလေဝသနှင့် ဇလဗေဒ ဌာနမှ သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Lao weather bureau warns public to prepare for tropical storm
VIENTIANE, Aug. 15 (Xinhua) — The weather bureau of Laos has issued a tropical storm warning for Aug. 16-19, urging residents across the country to prepare for heavy to very heavy rainfall, which may trigger landslides and flash floods.
From Aug. 16 to 17, the storm is expected to impact the Lao capital Vientiane and other regions. From Aug. 18 to 19, the storm will still impact parts of the country.
All communities, local authorities, and organizations were urged to remain vigilant and prepare for prolonged heavy rain that may lead to landslides, flash floods, and urban flooding.
Photo:
This photo taken on May 30, 2025 shows the rainy weather in Vientiane, capital of Laos. (Photo by Kaikeo Saiyasane/Xinhua)