Asia
တရုတ်နိုင်ငံက နယူးဇီလန် ခရီးသွားဧည့်သည်များအတွက် ထိပ်တန်း ခရီးသွားအာရှနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေ

ဝယ်လင်တန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံသား ခရီးသွားဧည့်သည်များအတွက် ၂၀၂၅ ခုနှစ်ဇွန်လအထိ ထိပ်တန်း အာရှခရီးသွား နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း နယူးဇီလန် အချက်အလက်နှင့် စာရင်းအင်းဌာန၏ သြဂုတ် ၁၅ ရက်ထုတ်ပြန်မှုအရ သိရသည်။
တရုတ်နိုင်ငံ၏အနောက်တွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများက နယူးဇီလန်ခရီးသွား ဧည့်သည်များ သွားရောက်လည်ပတ်မှု အများဆုံးနိုင်ငံများအဖြစ် ရပ်တည်နေကြောင်းလည်း ထုတ်ပြန်မှုအရ သိရ သည်။
၂၀၂၅ ခုနှစ် ဇွန်လအထိ အာရှဒေသသို့ နယူးဇီလန် ခရီးသွားဧည့်သည်ခရီးစဥ် ၇၃၀,၂၀၀ အထိ စံချိန်တင် ခရီးသွားခဲ့ကြပြီး ယခင်နှစ်ကာလတူထက် ခရီးသွား ၂၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း၊ လေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲပျံသန်းမှု ၆ ရာခိုင်နှုန်းတိုးမြင့်လာခြင်းကြောင့် တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက်လည်ပတ်မှု ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယူးဇီလန်နိုင်ငံသားများ၏ ကာလတိုပြည်ပခရီးစဥ်များအနက်မှ လေးပုံတစ်ပုံနီးပါးမှာ အာရှဒေသသို့ သွားရောက်ကြခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ကိုဗစ်ကူးစက်ရောဂါကာလ မတိုင်မီကထက် ခရီးသွားရောက်မှု ၂၁ ရာခိုင်နှုန်းတိုးမြင့်လာခြင်းဖြစ်ကာ အာရှဒေသသည် ခရီးသွားများအကြား သွားရောက် လည်ပတ် ရမည့်ဒေသအဖြစ် ပိုမိုထင်ရှားလာကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
…………………….
(English Version)
China remains top Asian destination for New Zealand travelers
WELLINGTON, Aug. 15 (Xinhua) — China was the top Asian destination for New Zealand residents in the year to June 2025, the statistics department Stats NZ reported Friday.
It was followed by India, Indonesia, Japan, and the Philippines as the top countries from which travelers returned, Stats NZ said.
Overall, New Zealanders made a record 730,200 trips to Asia in the June 2025 year, up 20 percent from the previous year, driven by increased visits to China, Indonesia, Japan, and India, supported by a 6 percent rise in direct flights to the region, it said.
The Asia region now accounts for nearly a quarter of all short-term overseas trips by New Zealand residents, up from 21 percent before the COVID-19 pandemic in 2019, underscoring its growing popularity as a travel destination, according to Stats NZ.
Photo:
Tourists visit the Temple of Heaven in Beijing, capital of China, May 2, 2024. (Xinhua/Ju Huanzong)