Connect with us

Africa & Middle East

နိုင်ဂျာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ ၂၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရ

နိုင်ဂျာနိုင်ငံ မာရာဒီဒေသ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးနေသော လမ်းမတစ်ခုအား တွေ့မြင်ရစဥ် (ဆင်ဟွာ)

နီယာမေး၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
နိုင်ဂျာနိုင်ငံတစ်ဝန်း ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူ ၂၃ ဦးအထိ သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားမီးသတ်တပ်ဖွဲ့၏ တပ်မှူးက ဩဂုတ် ၁၄ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုများကြောင့် နေအိမ် ၃,၆၁၅ လုံး ပြိုကျခဲ့ပြီး အိမ်ထောင်စု ၅,၈၅၅ စု ရွှေ့ပြောင်းနေထိုင်နေကြရကာ စုစုပေါင်း လူ ၄၂,၅၅၉ ဦး ရေဘေးသင့်ခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး Ali Abdoul Azize က ဖြည့်စွက်ပြောကြားခဲ့သည်။
မိုးရွာသွန်းချိန်တွင် သို့မဟုတ် မိုးရွာသွန်းပြီးနောက် ရေကြောင်းဖြတ်သန်းခြင်း၊ ရေမြောင်းများ ရေစီးရေလာ ပိတ်ဆို့နေခြင်း၊ အန္တရာယ်ဖြစ်နိုင်သည့်နေရာများနှင့် ယာယီသုံး အမိုးအကာများ၌ နေထိုင်ခြင်းတို့ကို ရှောင်ကြဉ်ရန် ၎င်းက ပြည်သူများအား သတိပေးခဲ့သည်။
နိုင်ဂျာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ ၃၉၆ ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စု ၂၀၆,၄၇၄ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရကြောင်းနှင့် လူ ၁,၅၂၆,၆၅၃ ဦး ရေဘေးသင့်ကာ နေအိမ် ၁၅၈,၇၆၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

နိုင်ဂျာနိုင်ငံ မာရာဒီဒေသ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးနေသော ကျေးရွာတစ်ရွာအား တွေ့မြင်ရစဥ် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ မာရာဒီဒေသ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးနေသော ကျေးရွာတစ်ရွာအား တွေ့မြင်ရစဥ် (ဆင်ဟွာ)

———————————

(English Version)
23 dead, 21 injured following heavy rains in Niger

NIAMEY, Aug. 16 (Xinhua) — Up to 23 people were killed and 21 others injured in the torrential rains across Niger this year, the commander of the national fire brigade group said at a press briefing on Thursday.
The rains also caused the collapse of 3,615 houses and displaced 5,855 households — affecting a total of 42,559 people, Lieutenant-Colonel Ali Abdoul Azize added.
He reminded people to avoid crossing waterways during or after rainfall, blocking drainage passages, staying in potentially dangerous areas and occupying makeshift shelters.
In 2024, heavy rains in Niger resulted in 396 deaths, displaced 206,474 households — affecting 1,526,653 people — and destroyed 158,767 houses. ■

English Caption 1
A road is flooded after heavy rain in Maradi, Niger, Sept. 2, 2022. (Xinhua)

English Caption 2, 3
A village is flooded after heavy rain in Maradi, Niger, Sept. 2, 2022. (Xinhua)