North America
ကနေဒါတွင် တောမီးငြှိမ်းသတ်နေစဥ် ရဟတ်ယာဥ် ရေကန်ထဲသို့ ပျက်ကျ

အော့တဝါ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ကနေဒါအရှေ့တောင်ပိုင်း နိုဗာစကိုတီယာပြည်နယ်တွင် တောမီးငြှိမ်းသတ်နေသည့် ရဟတ်ယာဥ်တစ်စင်း သြဂုတ် ၁၅ ရက် နေ့လယ်က ရေကန်ထဲသို့ ပျက်ကျခဲ့ကြောင်း၊ လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။
ပြည်နယ်သဘာဝအရင်းအမြစ်ဌာနကို ကိုးကား၍ CBC သတင်းက ပြောကြားရာတွင် အန်နာပိုလစ် ခရိုင်တွင် မီးငြှိမ်းသတ်နေစဥ် ရဟတ်ယာဥ်ပျက်ကျကာ ရေတိမ်ထဲမြုပ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရဟတ်ယာဥ်မောင်းသူမှာ သတိရှိနေပြီး ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားကြောင်း သတင်းတွင် ပြောဆိုခဲ့သည်။
ပြည်နယ်ဝန်ရှိသူများ အဆိုအရ သြဂုတ် ၁၄ ရက်က စတင်ခဲ့သည့် အဆိုပါတောမီးမှာ မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ရဟတ်ယာဥ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေသည့် ကနေဒါ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ပျက်ကျမှုကို သတင်း ထုတ်ပြန်ခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟုမျှော်လင့်ရကြောင်းသိရသည်။ (Xinhua)
…………………..
(English Version)
Helicopter crashes into lake while fighting wildfires in Canada
OTTAWA, Aug. 15 (Xinhua) — A helicopter fighting wildfires in Canada’s southeastern province of Nova Scotia crashed into a lake Friday afternoon and the pilot was rescued, local media reported.
Citing the provincial Department of Natural Resources, CBC News said the helicopter crashed into shallow water while fighting the blaze in Annapolis County.
The pilot was and taken for medical assessment, said the report.
The fire, which started on Wednesday, was caused by a lightning strike, according to the provincial authorities.
Transport Canada, which investigates aircraft incidents, has been informed about the crash and is expected to carry out a probe.
Photo : This aerial photo taken on July 7, 2023 shows wildfires in the northern part of British Columbia, Canada. (BC Wildfire Service/Handout via Xinhua)