Europe
ဟန်ဂေရီလက်ဝှေ့အဖွဲ့ချုပ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် လက်ဝှေ့ပွဲပေါင်း ၁၀၀ ကျင်းပ

ဘူဒါပက်စ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့လယ်ရှိ သူရဲကောင်းများရင်ပြင်၌ ဟန်ဂေရီလက်ဝှေ့အဖွဲ့ချုပ်တည်ထောင်မှု နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် လက်ဝှေ့ ပွဲပေါင်း ၁၀၀ ကို ဩဂုတ် ၁၆ ရက်က အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယက်စ်အောက်တွင် ကျင်းပခဲ့ပြီး ပရိသတ်ထောင်ချီအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟန်ဂေရီလက်ဝှေ့အဖွဲ့ချုပ်ကို ၁၉၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က ဘူဒါပက်စ်မြို့တော်ရှိ ပါ့ခ်ဟိုတယ်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိုလံပစ်လက်ဝှေ့သမိုင်းတစ်လျှောက် ဟန်ဂေရီလက်ဝှေ့ အားကစားသမားများက ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၈ ခု ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။
ရာပြည့်အထိမ်းအမှတ် လက်ဝှေ့ပွဲပေါင်း ၁၀၀ ကျင်းပခဲ့သည့်အနက် ထက်ဝက်နီးပါးတွင် လူငယ်လက်ဝှေ့ သမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အိုလံပစ်နှင့် အပျော်တမ်းကမ္ဘာ့ချန်ပီယံဟောင်း အစ္စဗန် ကိုဗက်စ်နှင့် နိုင်ငံတကာအပျော်တမ်းလက်ဝှေ့အဖွဲ့ချုပ် World Boxing တည်ထောင်သူများထဲတွင်ပါဝင်ကာ လက်ရှိ တွင်လည်း အဆိုပါအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဘောရစ်ဗန်ဒါဗော့စ်တို့၏ ပွဲစဥ်ကိုလည်း ပရိသတ်များ အကြိုက်တွေ့ခဲ့ကြသည်။
နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ၏ နောက်ဆုံး ဆုံးဖြတ်ချက်အရ နိုင်ငံတကာလက်ဝှေ့ အဖွဲ့ချုပ် တစ်ခုအဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက အသိအမှတ်ပြုခံခဲ့ရသည့် World Boxing သည် ၂၀၂၈ လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲ၌ လက်ဝှေ့ပွဲများကို ဦးဆောင်ကျင်းပပေးရမည် ဖြစ် ကြောင်း သိရသည်။
World Boxing က ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ဗြိတိန်ရှိ လီဗာပူးမြို့၌ကျင်းပမည်ဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီး လက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကာ ဟန်ဂေရီလက်ဝှေ့အဖွဲ့ချုပ်ကလည်း အမျိုးသားလက်ဝှေ့ အားကစားသမား ၉ ဦးနှင့် အမျိုးသမီး လက်ဝှေ့အားကစားသမား ၇ ဦးကို စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
100 boxing matches celebrate Hungarian boxing centennial
BUDAPEST, Aug. 16 (Xinhua) — One hundred boxing matches and thousands of visitors marked the 100th anniversary of the Hungarian Boxing Association on Saturday at Heroes’ Square in central Budapest amid a sweltering 36-degree Celsius heat warning.
The Hungarian Boxing Association was founded on August 17, 1925, at the Park Hotel in the Hungarian capital.
Throughout Olympic boxing history, Hungarian athletes have won a total of 10 gold, two silver, and eight bronze medals.
Among the 100 bouts, nearly half featured young athletes. The highlight of the event was a match between Istvan Kovacs, former Olympic and amateur world champion, and Boris van der Vorst, current president and founding figure of World Boxing, the international governing body for amateur boxing.
Following the latest decision by the International Olympic Committee (IOC), World Boxing was provisionally recognized as the international federation for boxing on February 26, 2025. It will oversee boxing competitions at the 2028 Los Angeles Olympic Games.
World Boxing is set to hold its inaugural World Championships in Liverpool, Britain, in September, featuring both men’s and women’s events at the same time while Hungary will send nine male and seven female athletes to compete.
Photo:
Audience watch boxing matches during celebrations for the 100th anniversary of the Hungarian Boxing Association at Heroes’ Square in Budapest, Aug. 16, 2025. (Xinhua/Attila Volgyi)