Connect with us

International Organizations

ချဲလ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပွဲစဥ်အတွင်း လီဗာပူးအသင်းမှ Darwin Nunez (ယာ) နှင့် ချဲလ်ဆီးအသင်း ကစားသမား Trevoh Chalobah တို့ ယှဥ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် သြဂုတ် ၁၇ ရက်က ယှဉ်ပြိုင်ခဲ့ကြသော ချဲလ်ဆီးအသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်မှ Eberechi Eze ၏ အလွတ်တည်ကန်ဘော ဂိုးပေးရန် ငြင်းဆိုခံရခြင်းကြောင့် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်းသိရသည်။
တော့တင်ဟမ်ဟော့စပါးအသင်းသို့ ပြောင်းရွှေ့မှုနှင့်ဆက်စပ်နေသည့် အသက် ၂၇ နှစ်အရွယ် ကွင်းလယ် ကစားသမားသည် စတန်းဖို့ဒ်ကွင်းတွင် ချဲလ်ဆီးအသင်းနှင့်ပွဲကစားချိန် ၁၃ မိနစ်တွင် ကိုက် ၂၀ အကွာမှ အဝေးမှအပြင်းကန်ချက်ဖြင့် ပဲလေ့စ်အသင်းအတွက် ဂိုးသွင်းယူခဲ့သည်။
သို့သော်လည်း ဒိုင်လူကြီး Darren England က ဘောလုံးကန်ချိန်တွင် နောက်ခံလူ Marc Guehi သည် ချဲလ်ဆီး လူတံတိုင်းနှင့် တစ်မီတာအတွင်းရပ်နေသောကြောင့် VAR စစ်ဆေးချက်အပြီး ဂိုးမပေးဘဲ ငြင်းပယ်ခဲ့သည်။ အားတက်စေသည့် ပထမပိုင်းတွင် Jean-Philippe Mateta နှင့် Maxence Lacroix တို့သည်လည်း ဂိုးသွင်းရန် အခွင့်အလမ်းများ ရခဲ့သော်လည်း ၂၀၁၉ ခုနှစ်က မိတ်ဆက်ခဲ့သည့် အဆိုပါ စည်းမျဥ်းသည် ပဲလေ့စ်အသင်း အတွက် စိတ်ပျက်စေခဲ့သည်။
ချဲလ်ဆီးအသင်း၏ အစားထိုးဝင်‌ရောက်လာသည့် ကစားသမားများဖြစ်သည့် Estevao ၊ Liam Delap နှင့် Andrey Santos တို့သည် ပဲလေ့စ်အသင်းဘက်သို့ ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ဂိုး ရအောင် မစွမ်းဆောင် နိုင်ခဲ့ပေ။ (Xinhua)
………………………
(English Version)
Chelsea held to goalless draw by Crystal Palace
LONDON, Aug. 17 (Xinhua) — Eberechi Eze was denied a free-kick goal as Crystal Palace was held to a goalless draw at Chelsea in the Premier League on Sunday.
The 27-year-old midfielder, linked with a move to Tottenham Hotspur, started at Stamford Bridge and appeared to give Palace the lead with a thunderous strike from 20 yards in the 13th minute.
However, referee Darren England disallowed the goal after a VAR review, ruling that defender Marc Guehi had stood within a meter of Chelsea’s wall when the kick was taken. The regulation, introduced in 2019, left Palace frustrated after an encouraging first half in which Jean-Philippe Mateta and Maxence Lacroix also went close.
After coming off the bench, Chelsea debutants Estevao, Liam Delap and Andrey Santos posed threats but failed to find the net.
Photo : Liverpool’s Darwin Nunez (L) is challenged by Chelsea’s Trevoh Chalobah during the English Premier League match between Chelsea FC and Liverpool FC in London, Britain, May 4, 2025. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.