Europe
ရုရှားနိုင်ငံရှိ အဓိကရေနံတင်စက်ရုံကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအတည်ပြု

ကိဗ်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Tambov ဒေသရှိ Nikolskoe ရေနံတင်စက်ရုံအား ၎င်းတို့တပ်ဖွဲ့များက ညသန်းခေါင် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံက သြဂုတ် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် Druzhba ပိုက်လိုင်းမှ ရေနံတင်မှု လုံးဝ ရပ်ဆိုင်းသွားကြောင်း ယူကရိန်းစစ်တပ်၏ စစ်ဦးစီးချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
Nikolskoe စက်ရုံသည် ရုရှားစစ်တပ်ကို ထောက်ပံ့ပေးရာတွင် ပါဝင်သည့် ရုရှားစီးပွားရေးအခြေခံအဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းကြေညာချက်က ဖော်ပြခဲ့သည်။
အဆိုပါတိုက်ခိုက်မှုမှာ ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းသို့ ရုရှားမှ ရေနံတင်ပို့ရာတွင် အသုံးပြုသည့် အပြည်ပြည်ဆိုင်ရာ ရေနံပိုက်လိုင်းစနစ်ဖြစ်သော Druzhba ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်၊ ရုရှားနိုင်ငံ Bryansk ဒေသရှိ Unecha ရေနံတင်စက်ရုံကို ယူကရိန်းက တိုက်ခိုက်ခဲ့ကြောင်း လွန်ခဲ့သော သီတင်းပတ်၌ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂသည် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ရုရှားမှ ရေနံတင်သွင်းများမှုအပေါ် ကန့်သတ်ချက်အချို့ ချမှတ်ခဲ့သော်လည်း Druzhba ပိုက်လိုင်းမှာမူ ပိတ်ဆို့အရေးယူမှုမှ ကင်းလွတ်ခွင့်ရထားကြောင်း သိရသည်။ (Xinhua)
————————–
(English Version)
Ukraine confirms strike on key oil pumping station in Russia
KIEV, Aug. 18 (Xinhua) — Ukraine on Monday confirmed its forces carried out an overnight strike on the Nikolskoe oil pumping station in Russia’s Tambov region.
The attack caused a complete halt to oil pumping through the Druzhba pipeline, said a statement released by the General Staff of the Ukrainian Armed Forces.
It described the Nikolskoe facility as part of Russia’s economic infrastructure, which is involved in supplying the Russian army.
The strike followed Ukraine’s reported attack last week on the Unecha oil pumping station, located in Russia’s Bryansk region and also part of the Druzhba network, a large international oil pipeline system that transports Russian oil to Central and Eastern Europe.
While the European Union imposed certain restrictions on oil imports from Russia due to the Russia-Ukraine conflict, the Druzhba pipeline has been exempted from the sanctions. ■
English Caption
This photo taken on Dec. 20, 2024 shows the damage caused by a Russian missile and drone attack in Kiev, Ukraine. (Photo by Roman Petushkov/Xinhua)