International Organizations
ဟဲလ်လက်ဗီရိုနာ နောက်ခံလူ Tchatchoua နှင့် ဝူလ်ဗာဟမ်တန်အသင်း စာချုပ်ချုပ်ဆို

လန်ဒန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်အသင်း ဝူလ်ဗာဟမ်တန်သည် ကင်မရွန်းနိုင်ငံလက်ရွေးစင် ညာနောက်ခံ ကစားသမား Jackson Tchatchoua ကို ဟဲလ်လက်ဗီရိုနာ (Hellas Verona) အသင်းမှ ယူရို ၁၂.၅ သန်းနှင့် စာချုပ်အပြီးသတ် လက်မှတ် ထိုး ဝယ်ယူလိုက်ကြောင်း သြဂုတ် ၁၉ ရက်တွင် အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါ စာချုပ်ချုပ်ဆိုမှုသည် ပြီးခဲ့သည့်ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် Nelson Semedo ကို ဆုံးရှုံးခဲ့ရသည့် ဝူလ်အသင်း၏နောက်တန်းအားကောင်းစေရန် အီတလီ စီးရီးအေ၏ အမြန်ဆုံး ကစားသမား များအနက်တစ်ဦး ပရီးမီးယားလိဂ်ကို ရောက်ရှိလာခြင်းဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် Tchatchoua သည် ကင်မရွန်းနိုင်ငံလက်ရွေးစင်အသင်း တွင် ၁၀ ကြိမ် ပါဝင်ကစားခဲ့ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက အီတလီအသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ (Xinhua)
………………..
(English Version)
Wolves signs defender Tchatchoua from Hellas Verona
LONDON, Aug. 19 (Xinhua) — Premier League side Wolverhampton sealed the signing of Cameroon international right back Jackson Tchatchoua from Hellas Verona for a fee of 12.5 million euros, the side confirmed on Tuesday.
The signing sees one of the fastest players in Italy’s Serie A arrive at the Premier League to strengthen a Wolves’ defense that lost Nelson Semedo at the end of last season on a free transfer.
23-year-old Tchatchoua has played 10 times for the Cameroon national team, and scored two goals for the Italian outfit last season.
Photo : Juventus’ Dusan Vlahovic scores the penalty goal during a Serie A football match between Hellas Verona and Juventus in Verona, Italy, Aug. 26, 2024. (Photo by Alberto Lingria/Xinhua)