Connect with us

International Organizations

ရော်နယ်ဒို၏ ဦးဆောင်မှုဖြင့် အယ်လ်နာဆာက အယ်လ်အစ်တီဟက်ဒ်အား အနိုင်ယူကာ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲသို့ တက်ရောက်

ကာတာနိုင်ငံ အယ်လ်ခေါမြို့ရှိ အယ်လ်-ဘေ့ထ် အားကစားကွင်း၌ ကာတာကလပ် အယ်လ်ဂါရာဖာ အက်စ်စီအသင်းနှင့် ဆော်ဒီကလပ် အယ်လ်နာဆာအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အေအက်ဖ်စီ ချန်ပီယံလိဂ်ပွဲစဉ်၌ အဖွင့်ဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒို (ဝဲ) အောင်ပွဲခံနေပုံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ဟောင်‌ဟောင်‌ အားကစားကွင်း၌ ဩဂုတ် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟက်ဒ်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နာမည်ကျော်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက ဂျာအို ဖီးလစ်စ်၏ အနိုင်ဂိုးကို ဖန်တီးပေးခဲ့သည်။
ယခုနှစ် ဆော်ဒီစူပါဖလားအား တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ဆီမီးဖိုင်နယ် ပွဲစဉ်နှစ်ပွဲနှင့် ဗိုလ်လုပွဲတို့ကို ကျင်းပမည်ဖြစ်ကာ အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ဆီမီးဖိုင်နယ် အဖွင့်ပွဲစဉ်၌ ပရိသတ် ၃၀,၀၀၀ ကျော် လာရောက်အားပေးခဲ့ပြီး အများစုမှာ ရော်နယ်ဒို၏ ပရိသတ်များ ဖြစ်ပုံရသည်။ အဆိုပါ ပွဲစဉ်တွင် ရော်နယ်ဒိုနှင့် ဖီးလစ်စ်တို့က အယ်လ်နာဆာအတွက် ပွဲထွက်ပါဝင်ကစားခဲ့သလို အယ်လ်အစ်တီဟက်ဒ်အသင်း၌လည်း ကာရင်မ် ဘန်ဇီမာနှင့် အင်ဂိုလို ကန်တေတို့ ပါဝင်ကစားခဲ့သည်။
ပွဲကစားချိန် ၁၀ မိနစ်တွင် မာဆယ်လို ဘရိုဇိုဗစ် တောက်လျှောက်ဆွဲပြေးလာပြီး ဆာဒီယို မာနေးအား ပြန်ချပေးခဲ့ရာ မာနေးက မြေမကျကန်ချက်ဖြင့် အဆုံးသတ်ကာ အယ်လ်နာဆာအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ငါးမိနစ်အကြာတွင် အယ်လ်အစ်တီဟက်ဒ်အသင်း ချေပဂိုးပြန်လည်ရရှိသွားခဲ့ပြီး မူဆာ ဒီယာဘီ ခင်းပေးလိုက်သည့် ဘောလုံးကို စတီဗင် ဘာ့ဂ်ဝင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။
ထို့နောက် မိနစ်ပိုင်းအကြာတွင် ပြိုင်ဘက်ဂိုးသမား ဟာမက် အယ်လ်ရှန်ကီတီအား အဝင်ကြမ်းခဲ့သဖြင့် မာနေး ထုတ်ပယ်ခံခဲ့ရပြီး ၎င်းမှာ သူရဲကောင်းအဖြစ်မှ ဗီလိန်ဖြစ်ခဲ့ရသည်။
အယ်လ်နာဆာအသင်းမှာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း ပွဲချိန် ၆၁ မိနစ်တွင် အနိုင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကာ ရော်နယ်ဒိုက လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး တစ်ကိုယ်ကောင်းမဆန်ဘဲ ဖီးလစ်စ်အား အပိုင်အခွင့်အရေး ဖန်တီးပေးခဲ့ရာ ဖီးလစ်စ်က ဂိုးသမားမရှိသည့် ဂိုးပေါက်ထဲသို့ ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။ ယခုနိုင်ပွဲကြောင့် အယ်လ်နာဆာအသင်းမှာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ယခုပွဲစဉ်၌ ပွဲအစကတည်းက အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ကစားခဲ့သည့် ရော်နယ်ဒိုအား ပွဲချိန် မိနစ် ၉၀ တွင် အနားပေးခဲ့ချိန်၌ အားကစားကွင်းတစ်ခုလုံးမှ လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ အယ်လ်ခေါမြို့ရှိ အယ်လ်-ဘေ့ထ် အားကစားကွင်း၌ ကာတာကလပ် အယ်လ်ဂါရာဖာ အက်စ်စီအသင်းနှင့် ဆော်ဒီကလပ် အယ်လ်နာဆာအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အေအက်ဖ်စီ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ် ပရိသတ်များအား နှုတ်ဆက်နေသည့် ခရစ္စတီယာနို ရော်နယ်ဒိုအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Ronaldo leads Al Nassr past Al Ittihad to reach Saudi Super Cup final
HONG KONG, Aug. 19 (Xinhua) — Al Nassr beat Al Ittihad 2-1 in the Saudi Super Cup semifinals at Hong Kong Stadium on Tuesday, with marquee player Cristiano Ronaldo assisting Joao Felix for the winner.
This year’s Saudi Super Cup held in Hong Kong features four teams across two semifinals and a final. More than 30,000 fans, most of whom are apparently Ronaldo supporters, packed the ground for the opening semifinal. Ronaldo and Felix started for Al Nassr, while Al Ittihad fielded Karim Benzema and N’Golo Kante.
Al Nassr struck first after 10 minutes when Marcelo Brozovic surged down and pulled back for Sadio Mane, who finished with a first-time volley. Al Ittihad got back on level terms five minutes later, when Moussa Diaby laid it off for Steven Bergwijn to find the net.
Mane went from hero to zero minutes later as he was sent off for an awful challenge on opposite goalkeeper Hamed Al Shanqiti.
With one player down, Al Nassr nevertheless restored the lead in the 61st minute when Ronaldo sprung the offside trap and selflessly squared for Felix to tap it into the empty net. The winner helped Al Nassr secure a spot in the final.
Ronaldo, who worn the armband from the start, was subbed off in the 90th minute and enjoyed the applauses from all corners of the stadium. ■
English Caption 1
Cristiano Ronaldo (L) of Al Nassr FC celebrates after scoring opening goal during the AFC Champions League elite football match between Qatar’s Al Gharafa SC and Saudi Arabia’s Al Nassr FC at Al-Bayt Stadium in Al Khor, Qatar, on Nov. 25, 2024. (Photo by Nikku/Xinhua)
English Caption 2
Cristiano Ronaldo of Al Nassr FC applauds the fans during the warm up before the AFC Champions League elite football match between Qatar’s Al Gharafa SC and Saudi Arabia’s Al Nassr FC at Al-Bayt Stadium in Al Khor, Qatar, on Nov. 25, 2024. (Photo by Nikku/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.