International Organizations
အာဆင်နယ်မှ ကယ်လ်ဒန်တီနှင့် စမစ်တို့က အမျိုးသမီး PFA ဆုများအား သိမ်းပိုက်

လန်ဒန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
အာဆင်နယ် ကွင်းလယ်ကစားသမား မာရီယိုနာ ကယ်လ်ဒန်တီက ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း (PFA) မှ ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားအဖြစ် ရွေးချယ်ခံရပြီး ၎င်း၏ အသင်းဖော်သစ် အိုလီဗီယာ စမစ်က တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သည်။
အသက် ၂၉ နှစ်ရှိ ကယ်လ်ဒန်တီက ဘာစီလိုနာမှ ရောက်ရှိလာပြီးနောက် မြောက်လန်ဒန်တွင် အံ့လောက်စရာ ပွဲဦးထွက်ကို ကစားခဲ့ပြီး ပြိုင်ပွဲစုံ၌ ၄၁ ပွဲကစားကာ ၁၉ ဂိုး သွင်းယူခဲ့သည်။ ယင်းအနက် အမျိုးသမီးစူပါလိဂ်တွင် သွင်းဂိုးကိုးဂိုးနှင့် ဂိုးဖန်တီးမှုငါးကြိမ် ပါဝင်ခဲ့ပြီး မေလတွင် ပရိသတ်များပေးသော တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသည်။
၎င်း၏ အရှိန်အဝါက အာဆင်နယ်ကို WSL တွင် ချဲလ်ဆီးနောက် ဒုတိယနေရာရစေခဲ့ပြီး ယူအီးအက်ဖ်အေ အမျိုးသမီးချန်ပီယံလိဂ် ဖိုင်နယ်တွင် အသင်းဟောင်း ဘာစီလိုနာကို ၁-၀ အနိုင်ရလဒ်ဖြင့် အာဆင်နယ်အသင်းအား ဖလားရရှိစေခဲ့သည်။
အဆိုပါတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ဆန်ခါတင်စာရင်းတွင် အာဆင်နယ်အသင်းမှ Alessia Russo ၊ မန်ချက်စတာစီးတီးအသင်းမှ Mary Fowler နှင့် Yui Hasegawa ၊ ချဲလ်ဆီးအသင်းမှ Erin Cuthbert နှင့် မန်ချက်စတာယူနိုက်တက်အသင်း၏ ဂိုးသမား Phallon Tullis-Joyce တို့လည်း ပါဝင်ခဲ့သည်။
တစ်ချိန်တည်း၌ပင် အမေရိကန်အသင်းနည်းပြချုပ် အမ်မာဟေးစ်ကလည်း ချဲလ်ဆီးအသင်းနှင့်အတူ ဆုများရရှိခဲ့စဉ်ကာလအတွင်း အမျိုးသမီးပွဲစဉ်၌ ၎င်း၏ ပံ့ပိုးကူညီခဲ့မှုများကြောင့် PFA ထူးချွန်ဆုကို ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Arsenal duo Caldentey, Smith sweep women’s PFA awards
LONDON, Aug. 19 (Xinhua) — Arsenal midfielder Mariona Caldentey has been named Professional Footballers’ Association (PFA) Women’s Player of the Year, while her new teammate Olivia Smith claimed the Young Player of the Year award.
Caldentey, 29, enjoyed a remarkable debut campaign in north London after arriving from Barcelona, scoring 19 goals in 41 appearances across all competitions. That included nine goals and five assists in the Women’s Super League, where she was also named Player of the Year by fans in May.
Her influence helped Arsenal finish second in the WSL behind Chelsea and lift the UEFA Women’s Champions League title, with a 1-0 victory over former club Barcelona in the final.
The shortlist also featured Arsenal’s Alessia Russo, Manchester City duo Mary Fowler and Yui Hasegawa, Chelsea’s Erin Cuthbert and Manchester United goalkeeper Phallon Tullis-Joyce.
Meanwhile, United States head coach Emma Hayes received the PFA Merit Award for her contributions to the women’s game during a trophy-laden spell with Chelsea. ■
English Caption
Arsenal’s Stina Blackstenius (Bottom) celebrates with teammate Mariona Caldentey after scoring during the Women’s Super League football match between Arsenal and Tottenham Hotspur in London, Britain, Nov. 16, 2024. (Xinhua/Li Ying)