Asia
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှု သန်း ၂၀ ကျော်လွန်

ဘန်ကောက်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံသို့ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ နိုင်ငံခြားခရီးသွားဧည့်သည် ၂၀.၈၁ သန်းကျော် လာရောက်ခဲ့ကြောင်း ယမန်နှစ်ကထက် ၇.၀၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သြဂုတ် ၁၉ ရက် တရားဝင် အချက်အလက်များက ပြသ ခဲ့သည်။
သြဂုတ် ၁၇ ရက်အထိ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၂.၉၃ သန်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြင့် ပြည်ပမှ အများဆုံးလာရောက်သောနိုင်ငံ ဖြစ်လာခဲ့သည်။ မလေးရှားနိုင်ငံက ခရီးသွားဧည့်သည် ၂.၈၇ သန်း လာရောက်ခဲ့ပြီး ဒုတိယနေရာတွင်ရှိကာ အိန္ဒိယ၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့က အစဥ်လိုက် ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန အဆိုအရ သိရသည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်များထံမှ ဝင်ငွေ ခန့်မှန်းခြေ ဘတ် ၉၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၉.၇၃ ဘီလီယံခန့်) ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အဓိကနေရာမှ မောင်းနှင်လျက်ရှိသည့် ခရီးသွားလုပ်ငန်းသည် ၂၀၂၄ ခုနှစ်က အလုပ်အကိုင်ရရှိမှု၏ ၁.၈၉ ရာခိုင်နှုန်း၊ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၄.၇၁ ရာခိုင်နှုန်း ထောက်ပံ့ခဲ့ကြောင်းသိရသည်။ (Xinhua)
…………………….
(English Version)
Thailand’s foreign tourist arrivals surpass 20 mln so far in 2025
BANGKOK, Aug. 19 (Xinhua) — Thailand recorded over 20.81 million foreign tourist arrivals so far in 2025, marking a decline of 7.04 percent from a year earlier, official data showed on Tuesday.
With 2.93 million arrivals, China became the largest source of inbound visitors as of Aug. 17, followed by Malaysia at 2.87 million, along with India, Russia, and South Korea, according to the Thai Ministry of Tourism and Sports.
The Southeast Asian country has generated approximately 966 billion baht (about 29.73 billion U.S. dollars) in revenue from international tourists so far this year, the ministry said in a statement.
Tourism, the key driver of the nation’s economic growth, accounted for 14.71 percent of its gross domestic product and 11.98 percent of employment in 2024.
Photo : Chinese tourists visit the Grand Palace scenic spot in Bangkok, Thailand, Feb. 7, 2022. (Xinhua/Wang Teng)