Asia
ကမ္ဘောဒီးယားနိုင်ငံ အန်ကောဥယျာဉ်တွင် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း လက်မှတ်ရောင်းအား ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈.၆ သန်း ရရှိ

ဖနွမ်းပင်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်က ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း လက်မှတ်ရောင်းအားမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈.၆ သန်း ရရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၅.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဩဂုတ် ၁ ရက်၌ ထုတ်ပြန်သည့် တရားဝင်အစီရင်ခံစာအရ သိရသည်။
ယူနက်စကို (UNESCO) စာရင်းဝင် အန်ကောဥယျာဉ်သို့ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၆၁၈,၇၇၁ ဦး ဝင်ရောက်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၅.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုင်ငံပိုင် Angkor Enterprise လုပ်ငန်း အစီရင်ခံစာအရ သိရသည်။
ယခုနှစ် ဇူလိုင်လအတွင်း အဆိုပါ ရှေးဟောင်းဥယျာဉ်သို့ ပြည်ပခရီးသွားဧည့်သည် ၅၁,၀၉၈ ဦးဝန်းကျင် ဝင်ရောက်ခဲ့ရာ ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ယခုနှစ် ဇူလိုင်လအတွင်း လက်မှတ်ရောင်းရငွေမှ အမေရိကန်ဒေါ်လာ ၂.၂၃ သန်း ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၁၇ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
ဆီရမ်ရိ(ပ်)ပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိ၍ ဧရိယာ ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော အန်ကော ရှေးဟောင်းဥယျာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ အကျော်ကြားဆုံးနေရာတစ်ခုဖြစ်ပြီး ၉ ရာစုမှ ၁၃ ရာစုကြား တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်း တည်ရှိကြောင်း သိရသည်။
Royal University of Phnom Penh ၏ နိုင်ငံတကာလေ့လာရေးနှင့် ပြည်သူ့မူဝါဒအင်စတီကျု၊ ကထိက Thong Mengdavid က ၂၀၂၅ ခုနှစ် ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်က အန်ကောသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“၂၀၂၅ ခုနှစ်ကို ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ကို တရုတ်ခရီးသွားဧည့်သည်တွေ လာရောက်မှု သိသိသာသာမြင့်တက်လာမယ်လို့ ကျွန်တော်တို့ မျှော်မှန်းနိုင်ပါတယ်” ဟု ၎င်းက ဆင်ဟွာကို ပြောခဲ့သည်။
ထိုသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်လာမည့် အခြေအနေသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ကမ်ပိန်းများ၊ တိုက်ရိုက်လေကြောင်းခရီးစဉ်များနှင့် အဖွဲ့လိုက်ခရီးသွားအစီအစဉ်များမှတစ်ဆင့် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ရှိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)
……………………………………..
(English Version)
Cambodia’s Angkor makes 28.6 mln USD from ticket sales during Jan.-July period
PHNOM PENH, Aug. 2 (Xinhua) — Cambodia’s renowned Angkor Archaeological Park earned 28.6 million U.S. dollars from ticket sales in the first seven months of 2025, a year-on-year increase of 5.3 percent, said an official report released on Friday.
The UNESCO-listed Angkor attracted 618,771 international tourists during the January-July period this year, a year-on-year rise of 5.8 percent, said the state-owned Angkor Enterprise’s report.
In July this year, some 51,098 foreign tourists visited the ancient park, down 18 percent compared to the same month last year, the report said, adding that the park made 2.23 million dollars from ticket sales in July this year, also down 17 percent compared to the same month last year.
Located in northwest Siem Reap province, the 401-square-km Angkor Archaeological Park, the kingdom’s most popular tourist destination, is home to 91 ancient temples, which were built from the ninth to the 13th centuries.
Thong Mengdavid, a lecturer at the Institute for International Studies and Public Policy of the Royal University of Phnom Penh, is confident that the Cambodia-China Tourism Year 2025 would attract more Chinese tourists to Angkor.
“With 2025 being designated as the Cambodia-China Tourism Year, we can anticipate a notable surge in Chinese tourist arrivals to the Angkor Archaeological Park,” he told Xinhua.
He said the increase will likely be driven by enhanced bilateral cooperation, promotional campaigns, and greater accessibility through direct flights and group tour packages.
Photo: An aerial drone photo taken on April 25, 2025, shows the Banteay Samre Temple in Siem Reap province, Cambodia. (ANA/Handout via Xinhua)