International Organizations
တင်းမာမှုများရှိနေသော ခရစ္စတယ်ပဲလေ့စ်နှင့် နော့တင်ဟမ်ဖောရက်စ်တို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လုံခြုံရေး တိုးမြှင့်ချထားဖွယ်ရှိ

လန်ဒန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
နော့တင်ဟမ်ဖောရက်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ခရစ္စတယ်ပဲလေ့စ်အသင်း၏ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲဦးထွက်ပွဲစဉ်မှာ နှစ်သင်းကြား မကျေနပ်ချက်များ ပြင်းထန်နေသည့်အတွက် လုံခြုံရေးပြဿနာများ ပေါ်ပေါက်လာနိုင်သည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။
ပဲလေ့စ်အသင်းမှာ ဝင်ဘာလေတွင် မန်ချက်စတာစီးတီးအား အနိုင်ယူကာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့သော်လည်း အသင်းရှယ်ယာရှင်ဟောင်းဖြစ်သူ ဂျွန်တက်စတာမှာ အိုလံပစ် လိုင်ယွန်အသင်းကိုလည်း တချို့တဝက် ပိုင်ဆိုင်လျက်ရှိရာ ကလပ်အသင်း ပူးတွဲပိုင်ဆိုင်မှု စည်းမျဉ်းအား ချိုးဖောက်နေသည့်အတွက် ကွန်ဖရန့်စ်လိဂ်တွင်သာ ပါဝင်ယှဉ်ပြိုင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဆုံးဖြတ်ခဲ့သည့်အပေါ် အသင်းနှင့် အသင်းပရိသတ်များက အကြီးအကျယ် ဒေါသထွက်လျက်ရှိသည်။
နော့တင်ဟမ်ဖောရက်စ်အသင်းက ပဲလေ့စ်၏ ကလပ်အသင်း ပူးတွဲပိုင်ဆိုင်မှုစည်းမျဉ်း ချိုးဖောက်ဖွယ်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ ယူအီးအက်ဖ်အေထံ စာရေးသားတင်ပြခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်ရာသီ၌ အဆင့်ခုနစ် ရရှိခဲ့သည့် ဖောရက်စ်မှာ ယခုအခါ ပဲလေ့စ်အစား ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။
မကြာမီက အင်တာဗျူးတစ်ခု၌ ပဲလေ့စ်အသင်း ဥက္ကဋ္ဌ စတိဗ် ပဲရစ်ရှ်က ၎င်း၏ကလပ်အသင်း ယူရိုပါလိဂ်မှ ဖယ်ရှားခံရမှုတွင် ဖောရက်စ်က အဓိကနေရာမှ ပါဝင်နေသည်ဟု အတည်ပြုခဲ့သည်။ “ကျွန်တော်တို့ကို အကြောင်းကြားခဲ့ပါတယ်။ လူသိရှင်ကြား ကြေညာလိုက်တာလို့ ထင်ပါတယ်” ဟု ၎င်းက အတည်ပြုခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ယူရိုပါလိဂ် ဝင်ခွင့်ရလိုသူ မရှိပါက ပြဿနာရှိမည်မဟုတ်ဟု ဆိုသည်။
ပဲလေ့စ်အသင်း၏ ပရိသတ် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Holmesdale Fanatics က ယင်းဆုံးဖြတ်ချက်မှာ မိမိတို့အသင်းအတွက်သာမက ဘောလုံးအားကစားလောက တစ်ခုလုံးအတွက်ပါ ဆိုးဝါးသော မတရားမှုဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဩဂုတ် ၂၄ ရက်၌ နော့တင်ဟမ်ဖောရက်စ်နှင့် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
မြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ နော့တင်ဟမ် ဖောရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးချထားမှာပါ။ ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ငန်းစဉ်က ပရိသတ်တွေနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့ပါပဲ။ ကျွန်တော်တို့ အခြေအနေအရပ်ရပ်ကို ဆက်ပြီးစောင့်ကြည့်သွားမှာပါ” ဟု ဂါးဒီးယန်း သတင်းစာသို့ ပြောကြားခဲ့သည်။
ဖောရက်စ်အသင်းပိုင်ရှင် ဂရိနိုင်ငံသား အီဗန်ဂျလို့စ် မာရီနာကစ်စ်မှာလည်း အဆိုပါပွဲစဉ်အား လာရောက်ကြည့်ရှုဖွယ်ရှိရာ ၎င်း၏ လုံခြုံရေးအတွက် အသေအချာ ပြင်ဆင်ထားမည်ဖြစ်သည်။ ပဲလေ့စ်အသင်းက ၎င်းအား ဘုတ်အဖွဲ့အစည်းအဝေးခန်း၌ ဧည့်ခံကြိုဆိုမည်ဟု ပြောကြားထားသော်လည်း ၎င်းအနေဖြင့် အမျက်ဒေါသထွက်နေသည့် အိမ်ရှင်အသင်းပရိသတ်များ၏ အဓိက ပစ်မှတ်ထားခြင်းကို ခံရဖွယ်ရှိသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲအပြီးတွင် ဆုဖလားနှင့်အတူ အောင်ပွဲခံနေသည့် ခရစ္စတယ်ပဲလေ့စ်အသင်း ဂိုးသမား ဒင်းဟန်ဒါဆန်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Heightened security likely for grudge match between Crystal Palace, Nottingham Forest
LONDON, Aug. 20 (Xinhua) — Crystal Palace’s home debut against Nottingham Forest in the Premier League is likely to be a tense grudge match with possible security issues.
The FA Cup holder and its supporters are furious at what they consider to be a huge injustice after being demoted from the Europa League spot it earned on the pitch by beating Manchester City at Wembley, to the Conference League after UEFA ruled it had broken multi-club ownership rules, as former Palace shareholder John Textor is also a part-owner of Olympique Lyon.
Nottingham Forest wrote to UEFA about the possible breach of multi-ownership rules, with the club that finished seventh in the Premier League last season then taking Palace’s place in the Europa League.
In a recent interview, Palace chairman Steve Parish, confirmed Forest had played a role in his club’s demotion. “We were told that and I think it’s been made public,” he confirmed, adding “if there wasn’t somebody that wanted to get in (to the Europa League) as a consequence, then there wouldn’t be a problem.”
Palace supporters group the Holmesdale Fanatics has described the decision as “a terrible injustice for both our club and the game of football as a whole,” and protests are planned for Sunday’s Premier League game – which just happens to be against Nottingham Forest.
A Metropolitan Police spokesman said to the Guardian newspaper: “Officers will be in attendance at the upcoming Crystal Palace-Nottingham Forest game. Our priority is keeping fans and the wider public safe, and we will continue to monitor the situation for developments.”
Forest’s Greek owner Evangelos Marinakis is likely to attend the match and will have his personal security detail, and although Palace has said he will be welcome in the Boardroom, it seems certain that he will be the focus of much of the home supporters’ anger. ■
English Caption 1
Team Crystal Palace celebrate during the victory ceremony after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)
English Caption 2
Crystal Palace’s goalkeeper Dean Henderson celebrates with the trophy after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)