Connect with us

Europe

နယ်သာလန်လက်နက်ပြပွဲတွင် အစ္စရေးကုမ္ပဏီများ ပါဝင်ပြသခွင့် ပိတ်ပင်တားမြစ်ခံရ

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ တရုတ်တန်းရှိ တရုတ်ဆေးဆိုင်တစ်ဆိုင်ရှေ့မှ လမ်းလျောက် သွားသည့် အမျိုးသားတစ်ဦးအား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

သည်ဟိတ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
လာမည့်နိုဝင်ဘာလအတွင်း နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့၌ကျင်းပမည့် နိုင်ငံတကာ လက်နက် ပြပွဲတွင် အစ္စရေးကုမ္ပဏီများကို ပါဝင်ပြသခွင့်ပြုမည်မဟုတ်ကြောင်း ပြပွဲစီစဉ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နယ်သာလန်စက်မှုလုပ်ငန်းများအဖွဲ့ (NIDV) က သြဂုတ် ၂၁ ရက်က အတည်ပြု ပြောကြားခဲ့ကြောင်းသိရသည်။
အစ္စရေးကုမ္ပဏီ ၄ ခုမှာ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော NIDV ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (NEDS) တွင် ပါဝင်ပြသခွင့်ရရန် လျှောက်ထားခဲ့သော်လည်း ၎င်းတို့၏လျှောက်ထားမှုကို လက်မခံဘဲ ပယ်ချခဲ့သည်ဟု NIDV ဒါရိုက်တာ Hans Huigen က ဒတ်ချ်နိုင်ငံပိုင်ရုပ်သံ NOS သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
NIDV ဒါရိုက်တာ Huigen က “အစ္စရေးကုမ္ပဏီတွေသာ ပါဝင်လာမယ်ဆိုရင် ပြပွဲရဲ့ လုံခြုံစိတ်ချရမှုကို စိုးရိမ်ပူပန်ရတဲ့အတွက် အခုလို ပိတ်ပင်ခဲ့ရတာလို့ သူတို့ကို ကျွန်တော်တို့ အသေအချာရှင်းပြခဲ့ပါတယ်” ဟု Hans Huigen က ပြောကြားခဲ့သည်။
ယခင်ကျင်းပခဲ့သော ပြပွဲများတွင်မူ အစ္စရေးကုမ္ပဏီများ ပါဝင်ပြသခွင့်ရခဲ့သော်လည်း ၎င်းတို့၏ပါဝင် ပြသမှုကို ကန့်ကွက်ဆန္ဒပြမှုများလည်းရှိခဲ့ကာ ၂၀၂၄ ခုနှစ်ပြပွဲတွင်ဆိုပါက ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့သည်အထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Israeli firms barred from Dutch arms fair
THE HAGUE, Aug. 21 (Xinhua) — Israeli companies will be excluded from a major arms fair organized by the Netherlands Industries for Defense and Security (NIDV) in November in Rotterdam, organizers confirmed Thursday.
NIDV Director Hans Huigen told Dutch public broadcaster NOS that four Israeli companies had applied to participate in the NIDV Exhibition Defense and Security (NEDS), the Netherlands’ annual defense industry fair, but their applications were rejected.
Huigen said, “We have told them that we are concerned about the safe organization of the fair if they participate.”
Israeli companies have taken part in previous editions of the fair, but their presence has often drawn protests. Demonstrations at last year’s event escalated into clashes with police.
Photo:
A man walks past a Chinese medicine store at the Chinatown in The Hague, the Netherlands, on Oct. 15, 2018.