Connect with us

Asia

မလေးရှားတော်ဝင်လေတပ်မှ တိုက်လေယာဉ်တစ်စီး လေဆိပ်ပြေးလမ်းပေါ်တွင် မတော်တဆဖြစ်ပွားခဲ့

မလေးရှားနိုင်ငံ လန်ကာဝီတွင် ပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် နိုင်ငံတကာ ရေကြောင်းနှင့် အာကာသဆိုင်ရာပြပွဲတွင် ပါဝင်ပြသနေသည့် မလေးရှားတော်ဝင်လေတပ်မှ F/A-18D အမျိုးအစား ဂျက်တိုက်လေယာဥ်တစ်စင်းအား ၂၀၂၃ ခုနှစ် မေ ၂၅ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
မလေးရှားတော်ဝင်လေတပ်(RMAF) မှ ဂျက်တိုက်လေယာဉ်တစ်စီးသည် သြဂုတ် ၂၁ ရက်က ပါဟန်းပြည်နယ်ရှိ လေဆိပ်တစ်ခု၏ ပြေးလမ်းပေါ်တွင် မတော်တဆမှုတစ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်မှုများအရ သိရသည်။
အမေရိကန်နိုင်ငံထုတ် F/A-18D Hornet ဂျက်တိုက်လေယာဉ်မှာ ဒေသစံတော်ချိန် ည ၉:၀၅ နာရီတွင် မတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်သည်ဟု RMAF က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်တွင် အများပြည်သူအနေဖြင့် မတော်တဆမှုနှင့်ပတ်သက်သော ကောလာဟလသတင်းများကို သတိထားစိစစ်ရန်လည်း အကြံပြုတိုက်တွန်းထားထားကြောင်း တွေ့ရသည်။
ဘာနားမားသတင်းဌာန၏ဖော်ပြမှုအရ ဒဏ်ရာရခဲ့သည့် တိုက်လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူး ၂ ဦး စလုံး ပြန်လည်ကောင်းမွန်သက်သာလာသော်လည်း ကုသမှုများ ဆက်လက်ခံယူနေရကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များတွင်မူ ဂျက်တိုက်လေယာဉ်မှာ ပြေးလမ်းတစ်လျှောက် ရွေ့လျားသွားပြီး လေပေါ်သို့ပျံတက်ရန်ကြိုးစားစဉ် လေယာဉ်မှ မီးပွားများ လွင့်စင်ထွက်လာခြင်းအား တွေ့ရသည်။ (Xinhua)
……………………
(English Version)
Malaysian air force jet involved in accident at airport
KUALA LUMPUR, Aug. 21 (Xinhua) — A Royal Malaysian Air Force (RMAF) jet was involved in a runway accident at an airport in Malaysia’s Pahang state on Thursday.
The jet, an F/A-18D Hornet, was involved in the accident at 9:05 p.m. local time, the RMAF said in a statement.
It also advised the public against speculation on the incident.
According to Bernama, the pilot and co-pilot have been recovered and are receiving treatment. Videos circulating on social media show the jet moving along the runway with bright sparks emanating from it during takeoff.
Photo:
An F/A-18D fighter of Royal Malaysian Air Force performs during the air show at the 16th Langkawi International Maritime and Aerospace Exhibition (LIMA 2023) in Langkawi, Malaysia, May 25, 2023. (Xinhua/Zhu Wei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.