Europe
သတင်းအချက်အလက်အမှားများ ဖော်ပြနေကြကြောင်း နယူးကာဆယ်မှ ထွက်ရန်ကြိုးစားနေသည့် တိုက်စစ်မှူးအီဆက်ရေးသားဖော်ပြ

လန်ဒန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
နယူးကာဆယ်ဘက်က ဖြစ်စဥ်များအား အမှန်အတိုင်းပြောဆိုခြင်းမရှိကြောင်း ရေးသားထုတ်ပြန် လိုက်ခြင်းနှင့်အတူ နွေရာသီ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အသင်းမှထွက်ခွာနိုင်ရေး ကြိုးစားမှုကို တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်က အရှိန်မြှင့် လုပ်ဆောင်လိုက်သည်။
ဆွီဒင်တိုက်စစ်မှူး အီဆက်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဗီလာနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် နယူးကာဆယ်အတွက် ကစားပေးခြင်း မရှိခဲ့သလို ယခုနွေရာသီအတွင်း နယူးကာဆယ်ကစားဖော်များနှင့်လည်း ပူးတွဲလေ့ကျင့်မှုမရှိခဲ့ဘဲ လီဗာပူးလ်သို့ အပြီးသတ် ပြောင်းရွှေ့ နိုင်ရန် ကြိုးစားနေသူဖြစ်သည်။
အီဆက်အတွက် လီဗာပူးလ်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၃၅ သန်း) ဖြင့် ကမ်းလှမ်းမှုအား နယူးကာဆယ်ဘက်မှ ငြင်းဆန်ထားပြီးဖြစ်သော်လည်း နည်းပြ အက်ဒီဟောင်းကမူ ၎င်းအနေဖြင့် အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ခွင့် မရှိတော့ကြောင်း ဝန်ခံ ပြောကြားထားသည်။ နွေရာသီ ကစားသမားအပြောင်းအရွှေ့စျေးကွက်ကို လာမည့် စက်တင်ဘာ ၁ ရက်ည သန်းခေါင်ယံတွင် ပိတ်သိမ်းသွားမည်ဖြစ်ပြီး အီဆက်ကလည်း ကြေညာချက်ထုတ်ပြန်ခြင်း နှင့်အတူ လီဗာပူးလ်သို့ပြောင်းနိုင်ရန် အားစိုက်ကြိုးစားလာခြင်းဖြစ်သည်။ အီဆက်မှာ ပြီးခဲ့သည့် ရာသီက စွမ်းဆောင်မှုများအတွက် ရွေးချယ်သည့် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးအသင်း ဆုပေးပွဲသို့လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။
နယူးကာဆယ်တွင် လုံးဝအဆင်မပြေတော့ကြောင်း၊ အခြားသူများ ပြောဆိုနေကြချိန်တွင် ကာလရှည် နှုတ်ဆိတ်နေခဲ့ရကြောင်း၊ ယခုကဲ့သို့ နှုတ်ဆိတ်နေခြင်းကြောင့်လည်း အခြားသူများအား ၎င်းတို့ ကိုယ်ပိုင်ထင်မြင်ယူဆမှုများကို ပိုမိုပြောဆိုခွင့် ပြုလိုက်သလိုဖြစ်ခဲ့ကြောင်း၊ အဆိုပါပြောဆိုမှုများက နောက်ကွယ်တွင် မည်သည့်အရာများကို အမှန်တကယ်ပြောဆိုဆွေးနွေးပြီး သဘောတူညီမှုရခဲ့မှုများ မဟုတ်ခြင်းကိုလည်း ၎င်းတို့ကိုယ်တိုင် သိရှိထားကြောင်း အီဆက်၏ ထုတ်ပြန်ချက်တွင် ရေးသားထား သည်။
အမှန်တကယ်အားဖြင့် သဘောတူညီမှု ကတိလည်း ပြုလုပ်ပြီးဖြစ်ကြောင်း၊ နယူးကာဆယ်ဘက် ကလည်း ၎င်း၏ရပ်တည်ချက်ကို အချိန်အတန်ကြာကတည်းက သိရှိထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပျက်နေမှုများက အထင်အမြင်လွဲမှားမှုများကိုသာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကတိများကျိုးပျက်ပြီး ယုံကြည်မှုပျောက်ဆုံးသွားသည့်အခါ ဆက်ဆံရေးတစ်ခုအား ရှေ့ဆက်၍ မရတော့ကြောင်း၊ ပြောင်းလဲမှု ကသာ ၎င်းအတွက်သာမက အားလုံး၏အကျိုးအတွက်လည်း အကောင်းဆုံးဖြစ်ကြောင်း အီဆက်က ရေးသားခဲ့သည်။
အီဆက်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို နယူးကာဆယ်ဘက်မှလည်း ကြေညာချက်ထုတ်ကာ အလျင်အမြန်တုံ့ပြန်ခဲ့သည်။ အဆိုပါကြေညာချက်၌ ယခုနွေရာသီ အပြောင်း အရွှေ့စျေးကွက်အတွင်း နယူးကာဆယ်မှ အီဆက် ထွက်ခွာနိုင်သည်ဟု မည်သည့် နယူးကာဆယ် တာဝန်ရှိသူတစ်ဦးကမှ ကတိပြုခဲ့ခြင်း မရှိကြောင်း၊ အီဆက်မှာ နယူးကာဆယ်နှင့် စာချုပ်ရှိနေဆဲ ဖြစ်သည်ကို ရှင်းလင်းစွာသိရှိစေလိုကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အလားတူ နယူးကာဆယ်ယူနိုက်တက်၊ အသင်းနှင့် ပရိသတ်များ၏အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်စေမည့်ဆုံးဖြတ်ချက်များကိုသာ ပြုလုပ်ခြင်းအား အီဆက်နှင့် ၎င်း၏ ကိုယ်စားလှယ်များအား ရှင်းပြခဲ့ကြောင်း၊ ယခုနွေရာသီစျေးကွက်အတွင်း ရောင်းချရန်မဖြစ်နိုင်သည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း သိရှိထားစေလိုကြောင်း၊ ယခုကဲ့သို့ ဖြစ်ရပ်များ ကြုံတွေ့ရမည်ကို ကြိုပြီး မမြင်နိုင်ခဲ့ကြောင်းလည်း နယူးကာဆယ်၏ တုံ့ပြန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
……………………..
(English Version)
Newcastle’s wantaway striker Isak claims misinformation about him
LONDON, Aug. 20 (Xinhua) — Striker Alexander Isak has strengthened his efforts to leave Newcastle United in the summer transfer window with a statement that accused his club of not telling the truth over events.
The Swedish international didn’t play in Newcastle’s 0-0 draw away to Aston Villa in the new season’s opener last Saturday, and hasn’t trained with his teammates this summer as he looks to complete a move to Liverpool.
Although Newcastle has already rejected an offer of over 100 million pounds (135 million U.S. dollars) for Isak, coach Eddie Howe has admitted he doesn’t have “full control” of the situation. With the transfer window due to close at midnight next Monday, Isak has looked to force his move through with his statement, which he issued after not appearing at the ceremony to recognize last season’s Premier League team of the season.
“It didn’t feel right to be there,” wrote Isak, who commented that he had “kept quiet for a long time while others have spoken.”
The striker wrote that his silence had allowed people to push their own version of events, “even though they know it doesn’t reflect what was really said and agreed behind closed doors.”
“The reality is that promises were made and the club [Newcastle] has known my position for a long time. To now act as if these issues are only emerging is misleading,” continued Isak, who insists that “when promises are broken and trust is lost, the relationship can’t continue.”
“Change is in the best interests of everyone, not just myself,” he concluded.
Newcastle quickly responded with a statement of its own, saying, “We are clear in response that Alex remains under contract and that no commitment has ever been made by a club official that Alex can leave Newcastle United this summer.”
“As explained to Alex and his representatives, we must always take into consideration the best interests of Newcastle United, the team and our supporters in all decisions and we have been clear that the conditions of a sale this summer have not transpired.”
“We do not foresee those conditions being met,” the club said.
Photo:
Newcastle United’s head coach Eddie Howe (front) celebrates with the cup after the English Football League Cup Final match between Liverpool FC and Newcastle United FC in London, Britain, on March 16, 2025. (Xinhua)