Asia
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တော်ဝင်အသရေဖျက်မှု စွဲချက်မှ တရားသေလွတ်မြောက်

ဘန်ကောက်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
လွန်ခဲ့သော ဆယ်နှစ်က ပြည်ပမီဒီယာတစ်ခုအား ပြောကြားချက်များနှင့် စပ်လျဉ်း၍ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအား တော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် စွဲချက်တင်ထားမှုများကို ထိုင်းနိုင်ငံ၏ ရာဇဝတ်တရားရုံးက ဩဂုတ် ၂၂ ရက်၌ ပယ်ဖျက်ပေးခဲ့ကာ ယင်းအမှုမှ တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။
သက်ဆင် ပြစ်မှုကျူးလွန်ခဲ့သည့် သက်သေအထောက်အထား ပြည့်စုံလုံလောက်မှု မရှိဟု ယင်းတရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
“ဒီအမှုကို ပယ်ဖျက်ပေးလိုက်ပါပြီ” ဟု စီရင်ချက်ချပြီးနောက် တရားရုံးအပြင်ဘက်သို့ ပြန်လည်ထွက်ခွာလာစဉ် သက်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
သက်ဆင်အနေဖြင့် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား မီဒီယာတစ်ခုနှင့် အင်တာဗျူးပြုလုပ်ရာ၌ ဘုရင်စနစ်အား စော်ကားအသရေဖျက်ခဲ့သည်ဟု စွပ်စွဲလျက် တော်ဝင်အသရေဖျက်မှု ဥပဒေနှင့် ဆိုက်ဘာရာဇဝတ်မှု ဥပဒေတို့ကို ချိုးဖောက်မှုဖြင့် ထိုင်းရှေ့နေချုပ်ရုံးက ၂၀၂၄ ခုနှစ်၌ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
တော်ဝင်အသရေဖျက်မှု ဥပဒေ (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂) ပါ ပြဋ္ဌာန်းချက်အရ ဘုရင်၊ ဘုရင်မ၊ ထီးမွေနန်းလျာဆက်ခံမည့်သူ သို့မဟုတ် ရင်ခွင်ပိုက်အုပ်စိုးသူအား အသရေဖျက်သူ၊ ဝေဖန်စော်ကားသူ မည်သူမဆို ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
သို့သော် သီးခြားအမှုတစ်ခုတွင်မူ သက်ဆင်အနေဖြင့် ၂၀၂၄ ခုနှစ်၌ ကတိခံဝန်ချက်ဖြင့် ပြန်မလွတ်မြောက်မီက အချိန်ကြာမြင့်စွာ ဆေးရုံတက်ရောက်ခဲ့ခြင်းကြောင့် ယခင်ပြစ်ဒဏ်များအတွက် ထောင်ဒဏ်ကျခံမှု ပြီးမြောက်ခြင်းရှိမရှိကိုမူ ထိုင်းတရားရုံးချုပ်က စက်တင်ဘာလအတွင်း အတည်ပြုဆုံးဖြတ်မည်ဟု သိရသည်။
သက်ဆင်မှာ ပြည်ပတွင် တိမ်းရှောင်လျက်ရှိရာမှ လွန်ခဲ့သောနှစ်နှစ်က ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အသက် ၇၆ နှစ်အရွယ် သက်ဆင်မှာ အရှေ့တောင်အာရှ နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင်မူ ပြည်ပသို့ တိမ်းရှောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Thai court acquits former PM Thaksin of royal insult
BANGKOK, Aug. 22 (Xinhua) — Thailand’s criminal court on Friday acquitted former Prime Minister Thaksin Shinawatra on royal defamation charges over his remarks to foreign media a decade ago.
The court ruled that there was insufficient evidence to prove Thaksin’s wrongdoing, according to local media reports.
“The case was dismissed,” Thaksin told reporters outside the courthouse after the verdict was read out.
The Office of the Attorney General indicted Thaksin last year, accusing him of defaming the monarchy during a 2015 interview with a South Korean media outlet, which violated lese majeste and computer crime laws.
The lese-majeste law, or Section 112 of the Criminal Code, stipulates that whoever defames, insults, or threatens the king, queen, heir apparent, or regent shall be punished with imprisonment of three to 15 years.
In a separate case, the Supreme Court is scheduled to rule in September on whether Thaksin’s extended hospital stay prior to his release on parole in 2024 constitutes an incomplete serving of his prison term for previous convictions.
Thaksin returned to Thailand from self-exile two years ago. The 76-year-old served as the Southeast Asian country’s prime minister from 2001 to 2006 and had been in self-exile abroad since 2008. ■
English Caption
Thailand’s former Prime Minister Thaksin Shinawatra (C) arrives at Don Mueang International Airport in Bangkok, Thailand, Aug. 22, 2023. (Xinhua/Rachen Sageamsak)