Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် ဖမ်းဆီးခံရသည့် အွန်လိုင်းလိမ်လည်မှု သံသယရှိသူအရေအတွက် ၃,၁၇၀ ဦး အထိရှိလာ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ တရားမဝင်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေခြင်းအား ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုစင်တာများကို နှိမ်နင်းသည့်စစ်ဆင်ရေးများပြုလုပ်နေရာ လက်ရှိအချိန်အထိ သံသယတရားခံ ၃,၁၇၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယား အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေး အထူးကော်မတီ၏ သြဂုတ် ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်မှုအရ သိရသည်။
ကမ္ဘောဒီးယားတာဝန်ရှိသူများသည် ဇွန် ၂၇ ရက်မှစ၍ ယခုအချိန်အထိ နိုင်ငံအတွင်းရှိ ပြည်နယ်နှင့်မြို့ပေါင်း ၂၅ ခုအနက်မှ ၁၈ ခုရှိ နေရာပေါင်း ၇၂ နေရာကို စီးနင်းဖမ်းဆီးခဲ့ကြောင်း၊ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ သံသယတရားခံများကို ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်မှုအရ သိရသည်။
အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားသည် ပြည်သူများ၏ လူမှုဘဝ ဘေးကင်းရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို ကာကွယ်နိုင်ရန် အွန်လိုင်းလိမ်လည်မှုကွန်ရက်များကို တစ်နိုင်ငံလုံးအနှံ့ စတင်နှိမ်နင်းနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Online scam suspects arrested in Cambodia rise to 3,170
PHNOM PENH, Aug. 21 (Xinhua) — The number of suspects arrested in crackdown operations on online scam centers in Cambodia has increased to 3,170, said a press release from the Ad-Hoc Committee to Combat Online Scams on Thursday.
The authorities have raided 72 locations in 18 cities and provinces out of the kingdom’s 25 cities and provinces since June 27 to date, the press release said, adding that the arrested suspects are of 19 nationalities.
The Southeast Asian country has launched a nationwide crackdown on cyber scam networks, aiming at maintaining and protecting security, public order, and social safety.
Photo:
Illicit drugs and ingredients are burned down in Phnom Penh, Cambodia, June 28, 2023. (Photo by Phearum/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.