Asia
ဆက်သွယ်ရေးပစ္စည်းကိရိယာက တရုတ်နိုင်ငံမှ နီပေါနိုင်ငံ၏ တင်ပို့မှုများအနက် ထိပ်ဆုံးရောက်လာ

ခတ္တမန္ဒူ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှတင်ပို့သည့် ဆက်သွယ်ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ စက်ကိရိယာများနှင့်အပိုပစ္စည်းများ၊ အထည်အလိပ်များ၊ အီလက်ထရွန်းနစ်ပစ္စည်းများသည် ဇူလိုင်လလယ်တွင် ကုန်ဆုံးသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နီပေါနိုင်ငံ၏ ထိပ်တန်းတင်သွင်းကုန်ပစ္စည်း ငါးမျိုး ဖြစ်လာကြောင်း ဗဟိုဘဏ်က သြဂုတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ နီပေါနိုင်ငံ၏ စုစုပေါင်း တင်သွင်းမှုသည် အဆိုပါကာလအတွင်း နီပေါရူပီး ၃၄၁.၁ ဘီလီယံဖိုး ရှိခဲ့ပြီး ထိပ်တန်းတင်သွင်းကုန်ပစ္စည်းငါးမျိုးမှာ တင်သွင်းမှုစုစုပေါင်း၏ ၃၇ ရာခိုင်နှုန်းရှိကြောင်း နီပေါ ရက်စထရာဘဏ် က သတင်းတစ်ခုတွင် ပြောဆိုခဲ့သည်။
ဆက်သွယ်ရေးပစ္စည်းကိရိယာများက စာရင်း၏ထိပ်ဆုံးတွင်ရှိနေပြီး စုစုပေါင်းတန်ဖိုး ရူပီး ၃၀.၇၃ ဘီလီယံ ရှိခဲ့ရာ စမတ်ဖုန်းတင်သွင်းမှု တစ်ခုတည်းက ရူပီး၂၄.၉၁ ဘီလီယံဖိုး ရှိခဲ့သည်။
နီပေါနိုင်ငံသို့ တရုတ်နိုင်ငံမှတင်သွင်းရာ၌ ရယ်ဒီမိတ်အဝတ်အထည်များ တင်သွင်းမှုက ရူပီး ၂၈.၀၈ ဘီလီယံ၊ စက်ပစ္စည်းများနှင့်အပိုပစ္စည်းများတင်သွင်းမှု ရူပီး ၂၃.၉၀ ဘီလီယံ၊ အထည်အလိပ် ရူပီး တင်သွင်းမှု ၂၁.၉၇ ဘီလီယံနှင့် လျှပ်စစ်ပစ္စည်း တင်သွင်းမှုက ရူပီး ၂၁.၃၄ ဘီလီယံဖိုး ရှိခဲ့ကြောင်း အဆိုပါဘဏ်က ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံပြီးလျှင် နီပေါနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ကာလရှည် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ (၁ ရူပီးသည် အမေရိကန်ဒေါ်လာ၀.၀၀၇ နှင့် ညီမျှသည်) (Xinhua)
……………………
(English Version)
Telecom equipment tops Nepal’s imports from China
KATHMANDU, Aug. 24 (Xinhua) — Telecommunication equipment, readymade garments, machinery and parts, textiles and electrical goods emerged as the top five products Nepal imported from China in the 2024-25 fiscal year which ended in mid-July, the central bank said on Sunday.
Nepal’s total imports from China stood at 341.1 billion Nepali rupees during this period and the top five items accounted for nearly 37 percent of the imports, the Nepal Rastra Bank said in a report.
Telecommunication equipment topped the chart with a total value of 30.73 billion rupees, and the imported smartphones alone were valued at 24.91 billion rupees.
Nepal imported from China readymade garments worth 28.08 billion rupees, machinery and parts worth 23.90 billion rupees, textiles worth 21.97 billion rupees and electrical goods worth 21.34 billion rupees, the bank noted.
China has long remained the second-largest trading partner of Nepal after India. (1 Nepali rupee equals 0.007125 U.S. dollar)