International Organizations
နော့တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင်အား ရည်ရွယ်သည့် အငြင်းပွားဖွယ် စာတန်းနှင့် ပတ်သက်၍ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် စုံစမ်းစစ်ဆေး

လန်ဒန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ဩဂုတ် ၂၄ ရက်က Selhurst Park ဘောလုံးကွင်း၌ ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် နော့တင်ဟမ်ဖောရက်စ်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ပဲလေ့စ်အသင်း ပရိသတ်များက အငြင်းပွားဖွယ်စာတန်း ကိုင်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စာတန်း၌ ဖောရက်စ်အသင်းပိုင်ရှင် အီဗန်ဂျလို့စ် မာရီနာကစ်စ်က ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်-ဝှိုက်အား သေနတ်ဖြင့် ချိန်ရွယ်ထားပုံကို ပုံဖော်ထားကာ “မစ္စတာ မာရီနာကစ်စ်အနေဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ လုပ်ပွဲကစားခြင်း၊ မူးယစ်မှောင်ခိုကူးခြင်းနှင့် အကျင့်ပျက်ခြစားမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိ” ဟူသော စာသားများကိုလည်း ရေးသားထားကြောင်း သိရသည်။ မာရီနာကစ်စ်ကမူ ထိုစွပ်စွဲချက်များနှင့် ပတ်သက်မှုမရှိဟု အစဉ်တစိုက် ငြင်းဆိုထားသည်။
အက်ဖ်အေ၏ စည်းမျဉ်းများအရ ကလပ်အသင်းများအနေဖြင့် ဘောလုံးကွင်းထဲတွင် စိတ်အနှောင့်အယှက်ဖြစ်စေသော၊ အသရေပျက်စေသော၊ နိုင်ငံရေးအရ အငြင်းပွားစရာဖြစ်စေသော စာသားများကို စာတန်းများဖြင့် ကိုင်ဆောင်ပြသသည့် အပြုအမူများအတွက် အရေးယူခံရနိုင်ကြောင်း သိရသည်။ အက်ဖ်အေက ပဲလေ့စ်အသင်းအား ပြစ်ဒဏ်ချမှတ်ခြင်း ပြုမပြုကို ဆုံးဖြတ်သွားမည်ဖြစ်သည်။
ပဲလေ့စ်အသင်းမှာ ယူအီးအက်ဖ်အေ၏ ကလပ်အသင်း ပူးတွဲပိုင်ဆိုင်မှု စည်းမျဉ်းအား ချိုးဖောက်မှုဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲမှ အငြင်းပွားဖွယ် ဖယ်ရှားခံရပြီး ယင်း၏နေရာတွင် ဖောရက်စ်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီးနောက် ကလပ်နှစ်သင်းကြား တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ပဲလေ့စ်အသင်း ဥက္ကဋ္ဌ စတိဗ် ပဲရစ်ရှ်က ထိုဆုံးဖြတ်ချက်မှာ ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံး မတရားမှုဖြစ်သည်ဟု ပြောကြားထားသည်။
ထိုစဉ် နော့တင်ဟမ်ကစားသမား ဂစ်ဘ်-ဝှိုက်မှာ နွေရာသီအစောပိုင်းက တော့တင်ဟမ်အသင်းထံ ပြောင်းရွှေ့ရန် အကြီးအကျယ် ချိတ်ဆက်မှုများ ရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ ဖောရက်စ်၌သာ ဆက်ရှိနေခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲ၌ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် ဘက်ကာ (ယာ) ရှေ့တက်၍ ဘောလုံးရှင်းထုတ်နေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
FA probes controversial banner targeting Nottingham Forest owner
LONDON, Aug. 24 (Xinhua) — The Football Association has opened an investigation into a banner displayed by Crystal Palace supporters during Sunday’s 1-1 draw with Nottingham Forest at Selhurst Park.
The banner showed Forest owner Evangelos Marinakis pointing a gun at midfielder Morgan Gibbs-White, alongside text reading: “Mr. Marinakis is not involved in blackmail, match-fixing, drug trafficking or corruption!” Marinakis has consistently denied any involvement in such allegations.
Under FA regulations, clubs may face sanctions for offensive, defamatory or politically charged messages displayed on banners inside stadiums. The governing body will now assess whether Palace should be punished.
The incident comes amid heightened tension between the two clubs. Palace was controversially removed from the Europa League this summer due to UEFA’s multi-club ownership rules, with Forest taking its place in the competition. Palace chairman Steve Parish described the ruling as “the biggest injustice in the history of football.”
Meanwhile, Gibbs-White was heavily linked with a move to Tottenham earlier in the summer, but Gibbs-White ultimately remained at Forest and signed a new contract. ■
English Caption 1
Team Crystal Palace celebrate during the victory ceremony after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)
English Caption 2
Liverpool’s goalkeeper Alisson Becker (R) clears the ball during the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)