Africa & Middle East
ဂါဇာတောင်ပိုင်းရှိ ဆေးရုံအား အစ္စရေးက တိုက်ခိုက်ခဲ့သဖြင့် သတင်းထောက်ငါးဦး အပါအဝင် ပါလက်စတိုင်း ၂၀ ဦး သေဆုံး

ဂါဇာ/ဂျေရုဆလမ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့ရှိ နက်ဆာဆေးရုံအား အစ္စရေးက ဩဂုတ် ၂၅ ရက်၌ တိုက်ခိုက်ခဲ့သဖြင့် သတင်းထောက်ငါးဦး အပါအဝင် ပါလက်စတိုင်း ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ အစ္စရေးစစ်တပ်က ယင်းဖြစ်စဉ်အပေါ် ကနဦး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဟု ပြောကြားထားသည်။
အစ္စရေး စစ်လေယာဉ်များက နက်ဆာဆေးရုံ၏ စတုတ္ထထပ်အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လူ ၂၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ ရှိခဲ့သည်ဟု ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။
ဂါဇာ တောင်ပိုင်းတွင် ဖွင့်လှစ်လည်ပတ်လျက်ရှိသည့် တစ်ခုတည်းသော ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပေါ် ဂါဇာအာဏာပိုင်များက ရှုတ်ချခဲ့ပြီး ယင်းတိုက်ခိုက်မှုမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား စနစ်တကျ ဖျက်ဆီးမှုကို ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုဆိုကာ ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများကို အကာအကွယ်ပေးရေးအတွက် ချက်ချင်းလက်ငင်း အရေးတကြီး ဆောင်ရွက်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။
အစ္စရေး စစ်လေယာဉ်များက နက်ဆာဆေးရုံအား အနည်းဆုံး ဒုံးကျည်တစ်စင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆွဲထုတ်ရန်နှင့် ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရန် ဆေးဘက်ဆိုင်ရာအဖွဲ့များ ရောက်ရှိလာချိန်တွင် တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးသတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါဆေးရုံ တိုက်ခိုက်ခံရမှုကြောင့် သတင်းယူရန် ယင်းနေရာသို့ ရောက်ရှိနေသည့် သတင်းထောက်တစ်ဦး အပါအဝင် သတင်းထောက်ငါးဦး သေဆုံးခဲ့သည်ဟု ဟားမက်စ်အဖွဲ့၏ ပြန်ကြားရေးရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာဒေသ၌ အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် သတင်းထောက် စုစုပေါင်း ၂၄၅ ဦး ရှိလာသည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆွဲထုတ်ရန်နှင့် ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရန် ကြိုးပမ်းနေသည့် ပြည်သူ့ကာကွယ်ရေး ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး အခြားသူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ အစ္စရေးစစ်တပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးဝန်ထမ်းပေါင်း ၁၃၉ ဦး ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
အစ္စရေးစစ်တပ်က ဂါဇာဒေသရှိ နက်ဆာဆေးရုံအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့သည့်အပေါ် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
“ဩဂုတ် ၂၅ ရက် အစောပိုင်းက IDF (အစ္စရေးကာကွယ်ရေးတပ်) တပ်ဖွဲ့ဝင်တွေဟာ ဂါဇာတောင်ပိုင်း ခန်ယွန်းနစ်မြို့ရှိ နက်ဆာဆေးရုံတည်ရှိရာ ဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်” ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုပြုလုပ်ရသည့် အကြောင်းရင်းကိုမူ အသေးစိတ် ပြောဆိုခဲ့ခြင်းမရှိပေ။
အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအား ကျူးကျော်ရန်စမှုအပေါ် သတင်းရေးသားဖော်ပြရန် ပရော်ဖက်ရှင်နယ် အလုပ်တာဝန် ထမ်းဆောင်နေသည့် သတင်းထောက်များကို ထိတ်လန့်ချောက်ချားဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ပါလက်စတိုင်း သတင်းသမားများအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပါလက်စတိုင်း အရပ်သားများကို အကာအကွယ်ပေးရန်နှင့် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ စဉ်ဆက်မပြတ် ပေးပို့နိုင်ရေး သေချာမှုရှိစေရန်အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ဖွဲ့စည်းရန် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။ (Xinhua)

ဂါဇာမြို့ အနောက်တောင်ပိုင်းရှိ နေရပ်စွန့်ခွာသူများအတွက် ယာယီခိုလှုံရေးစခန်းတစ်ခု၌ အစားအသောက်များ အခမဲ့ရယူရန် စောင့်ဆိုင်းနေသည့် ပါလက်စတိုင်းများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
20 Palestinians, including 5 journalists, killed in Israeli attack on hospital in S. Gaza
GAZA/JERUSALEM, Aug. 25 (Xinhua) — At least 20 Palestinians, including five journalists, were killed on Monday in an Israeli attack on Nasser Hospital in Khan Younis, southern Gaza Strip. The Israeli army said it launched “an initial inquiry” into the incident.
Gaza-based health authorities said in a press statement that Israeli warplanes targeted the fourth floor of Nasser Hospital, killing 20 and injuring several others.
The authorities condemned the airstrike on the only functioning public hospital in southern Gaza, describing the attack as “a continuation of the systematic destruction” of the health system, and calling on the international community to take immediate and urgent action to protect humanitarian personnel in Gaza.
Palestinian security sources reported that Israeli warplanes targeted the hospital with at least one missile, followed by a second attack as medical crews arrived to retrieve the dead and wounded.
The Hamas media office announced in a statement that the attack on the hospital resulted in the deaths of five journalists who were on a “journalistic reporting mission.”
According to the statement, the latest deaths have brought the total number of journalists killed by Israeli army fire in Gaza since Oct. 7, 2023 to 245.
In addition, a Civil Defense personnel was killed, and seven others wounded while attempting to rescue the injured and retrieve the dead in the airstrike, bringing the total number of Civil Defense personnel killed by the Israeli army since the conflict began to 139, the authority said.
In a statement, the Israeli military acknowledged targeting Nasser Hospital in Gaza, and expressed regret that the strike resulted in civilian casualties.
“Earlier today, IDF (Israel Defense Forces) troops carried out a strike in the area of Nasser Hospital in Khan Younis,” southern Gaza, the Israeli military said, without elaborating on the reason for the attack.
The Palestinian Journalists Syndicate said in a statement that the Israeli army committed a “horrific massacre against journalists” while they were carrying out their professional duty covering the ongoing “aggression” on the Gaza Strip.
The Palestinian Ministry of Foreign Affairs also called in a statement for the formation of a UN peacekeeping force to protect Palestinian civilians and ensure the sustainable delivery of aid to the Gaza Strip.
English Caption 1
Palestinians inspect the damage after an Israeli airstrike in the Al-Rimal area, west of Gaza City, on Aug. 8, 2025. (Photo by Rizek Abdeljawad/Xinhua)
English Caption 2
Palestinians wait to receive free food at a camp for displaced people in southwest Gaza City, on Aug. 24, 2025. (Photo by Rizek Abdeljawad/Xinhua)