International Organizations
ချဲလ်ဆီးအသင်းမှ ချူကူမီကာကို ဒေါ့မွန်အသင်း ခေါ်ယူ

ဘာလင်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
ဒေါ့မွန်အသင်းက ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ကာနေး ချူကူမီကာအား အပြီးသတ်ခေါ်ယူလိုက်မှုကို အတည်ပြုကြောင်း ကလပ်အသင်းက ဩဂုတ် ၂၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
လွန်ခဲ့သည့်ရာသီ၌ ဒေါ့မွန်အသင်းတွင် ခြောက်လအငှားစာချုပ်ဖြင့် ခြေစွမ်းပြခဲ့သည့် အသက် ၂၁ နှစ်အရွယ် ကစားသမား ချူကူမီကာက ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ စာချုပ်သက်တမ်းဖြင့် ၎င်း၏အနာဂတ်ကို ဒေါ့မွန်တွင် ကတိပြုလိုက်ခြင်းဖြစ်သည်။ ဒေါ့မွန်အသင်းမှာ လွန်ခဲ့သည့်ဆောင်းရာသီက ချဲလ်ဆီးအသင်းနှင့် သဘောတူခဲ့သည့် ကနဦးရွေးချယ်မှုထက် နည်းသော ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ဝန်းကျင် (အမေရိကန်ဒေါ်လာ ၂၇ သန်း) ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
“ကာနေးဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယနှစ်ဝက်မှာ ကျွန်တော်တို့အသင်းနဲ့ သူ့ရဲ့ အလားအလာတွေကို ပြသထားပြီးဖြစ်တဲ့ ထူးခြားတဲ့ အရည်အချင်းရှိသူပါ” ဟု ဘောလုံးအားကစားဒါရိုက်တာ Sebastian Kehl က ပြောကြားခဲ့သည်။ “သူဟာ ကျဉ်းထဲကျပ်ထဲ အခြေအနေတွေမှာ ခြားနားချက်တွေကို ဖန်တီးပေးနိုင်တယ်၊ ကွင်းလယ်မှာလည်း တီထွင်ဖန်တီးနိုင်စွမ်းကို ပေးစွမ်းနိုင်ပြီး ကျွန်တော်တို့ အရမ်းတန်ဖိုးထားရတဲ့ ကျွန်တော်တို့ရဲ့ ကစားပွဲအတွက် အတိုင်းအတာတစ်ခု အားဖြည့်ပေးနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ချူကူမီကာက ဖီဖာကလပ်ကမ္ဘာ့ဖလားတွင် လေးပွဲ၊ ဖရီဘာ့ဂ်ကို ရမှတ် ၄-၁ ဖြင့် ဘွန်ဒက်စ်လီဂါနိုင်ပွဲ၌ တစ်ကြိမ်ဂိုးသွင်းမှုအပါအဝင် ၂၀၂၄/၂၀၂၅ ရာသီတွင် ဒေါ့မွန်အတွက် ပြိုင်ပွဲစုံတွင် ၁၇ ပွဲကစားခဲ့သည်။
အသေးစား ဒဏ်ရာပြဿနာများကြောင့် လူစားထိုးရမှုများ မကြာခဏ ရှိခဲ့သော်လည်း ကွင်းလယ်ကစားသမား ချူကူမီကာက ၎င်း၏ ရေရှည်တန်ဖိုးကို နည်းပြများအား ယုံကြည်စေခဲ့သည်။ နည်းပြချုပ် နီကို ကိုဗက်က ၎င်းကို အသင်းနှင့် ယခုရာသီတွင် ဆက်တိုက် ပို၍ပေါင်းစည်းရန် မျှော်လင့်ထားသည်။
အဆိုပါအပြောင်းအရွှေ့ကို အပြီးသတ်ပြီးနောက် ချူကူမီကာကိုယ်တိုင်ကလည်း ၎င်း၏ စိတ်လှုပ်ရှားမှုကို ဖော်ပြခဲ့သည်။ “အခု ဘိုရုရှားဒေါ့မွန်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတာ ကောင်းပါတယ်။ ပြီးခဲ့တဲ့လတွေထဲ ကျွန်တော်က နည်းပြ၊ အသင်းဖော်တွေနဲ့ အထူးသဖြင့် ပရိသတ်တွေနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ ဒေါ့မွန်ဟာ ကျွန်တော့်ရဲ့ အိမ်အသင်းသစ် ဖြစ်တာကြောင့် ပျော်ရွှင်မိသလို အသင်းရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင် ကူညီဖို့ အရာအားလုံးကို ဖြည့်ဆည်းပေးသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Borussia Dortmund signs Chukwuemeka from Chelsea
BERLIN, Aug. 26 (Xinhua) — Borussia Dortmund has confirmed the permanent signing of English midfielder Carney Chukwuemeka from Premier League side Chelsea, the club announced on Tuesday.
The 21-year-old, who impressed during a six-month loan spell with the Black and Yellows last season, has committed his future to BVB with a contract running until June 2030. Dortmund reportedly secured the deal for a fee of around 25 million euros (27 million U.S. dollars), less than the initial option agreed with Chelsea last winter.
“Carney is an exceptional talent who has already shown flashes of his potential with us in the second half of last season,” said sporting director Sebastian Kehl. “He can make the difference in tight spaces, provides creativity in midfield, and adds a dimension to our game that we highly value.”
Chukwuemeka made 17 appearances in all competitions for Dortmund in the 2024/25 campaign, including four at the FIFA Club World Cup, scoring once in a 4-1 Bundesliga victory over Freiburg.
Despite often featuring as an impact substitute due to minor injury setbacks, the midfielder convinced the coaching staff of his long-term value. Head coach Niko Kovac is expected to integrate him more consistently this season.
Chukwuemeka himself expressed his excitement after finalizing the move. “It feels good to now be an integral part of Borussia Dortmund. Over the past months I’ve gotten to know the coach, my teammates, and especially the fans. I’m just happy that BVB is my new home, and I’ll give everything to help the team achieve its goals.” ■
English Caption
Carney Chibueze Chukwuemeka (R) of Borussia Dortmund vies with Tim Skarke of 1. FC Union Berlin during the first division of Bundesliga football match between Borussia Dortmund and 1. FC Union Berlin in Dortmund, Germany, Feb. 22, 2025. (Photo by Joachim Bywaletz/Xinhua)