International Organizations
ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို နေမာ လွဲချော်မည်

ရီယိုဒီဂျနေးရိုး၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည့် နေမာအား ချီလီ၊ ဘိုလီဗီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များအတွက် ဘရာဇီးအသင်း လူစာရင်း၌ ထည့်သွင်းရွေးချယ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် ဆန်းတို့စ်တိုက်စစ်မှူး နေမာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ ဘယ်ဘက်ဒူးခေါင်းတွင် အရှေ့ဘက် ကြက်ခြေခတ်အရွတ်ဒဏ်ရာ (ACL) ရရှိခဲ့ချိန်မှစ၍ ဘရာဇီးအသင်းအတွက် ပါဝင်မကစားနိုင်တော့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ကြွက်သားဒဏ်ရာများနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရသည့်အတွက် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အဟန့်အတားဖြစ်ခဲ့ရသလို ဩဂုတ် ၂၁ ရက်ကလည်း လေ့ကျင့်ခန်းဆင်းနေစဉ် ပေါင်ကြွက်သားနာကျင်သည့် ဝေဒနာကို ထပ်မံခံစားခဲ့ရကြောင်း သိရသည်။
“နေမာဟာ ပြီးခဲ့တဲ့တစ်ပတ်က ဒဏ်ရာပြဿနာ ရှိနေခဲ့တာမို့လို့ အသင်းလူစာရင်းမှာ မပါဝင်ပါဘူး” ဟု ဘရာဇီးအသင်း မန်နေဂျာ ကာလို အန်ဆယ်လော့တီက ဩဂုတ် ၂၅ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ နေမာကို စမ်းသပ်စရာမလိုပါဘူး။ နည်းစနစ်ကော်မတီကအစ ပရိသတ်တွေအဆုံး အားလုံးက သူ့အကြောင်းကို သိကြပါတယ်။ နေမာအနေနဲ့လည်း နိုင်ငံအသင်းကို ကူညီနိုင်ဖို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ဆိုရင် တခြားသူတွေလိုပဲ ကြံ့ခိုင်မှုကောင်းမွန်နေဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲံသည်။
လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်သည့် ဘရာဇီးအသင်းမှာ ရီယိုဒီဂျနေးရိုးမြို့တွင် စက်တင်ဘာ ၄ ရက်၌ ချီလီအသင်းနှင့်လည်းကောင်း၊ ထို့နောက် ငါးရက်အကြာ၌ အယ်လ် အယ်တိုမြို့တွင် ဘိုလီဗီးယားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ် ကစားသမားများဖြစ်သည့် ဗင်နီစီယက်စ် ဂျူနီယာနှင့် ရိုဒရီဂိုတို့မှာလည်း အန်ဆယ်လော့တီ၏ ကစားသမား ၂၃ ဦးစာရင်းတွင် ပါဝင်လာခြင်းမရှိဘဲ အခြားကစားသမားများကို အစားထိုးရွေးချယ်ထားကြောင်း သိရသည်။
လောင်းကစားအမှုအတွက် စုံစမ်းစစ်ဆေးခံနေရခြင်းမှ လွတ်မြောက်လာသည့် ဝက်စ်ဟမ်းယူနိုက်တက် ကွင်းလယ်လူ လူးကက်စ် ပါကက်တာအား ဘရာဇီးအသင်းအတွက် ပြန်လည်ခေါ်ယူခဲ့သလို ယခုနှစ် ဘရာဇီး စီးရီးအေပြိုင်ပွဲတွင် ပွဲ ၂၀ ပါဝင်ကစားကာ ၁၅ ဂိုး သွင်းယူထားသည့် တိုက်စစ်မှူး ကိုင်အို ဂျော်ဂျီကိုလည်း လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခဲ့သည်။
“အခုလို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်နဲ့ အပြည့်အဝ အကျွမ်းတဝင်မရှိသေးတဲ့ ကစားသမားတွေအကြောင်း သိရဖို့နဲ့ ဘယ်ကစားသမားတွေက အသင်းကို အကောင်းဆုံး အကူအညီပေးနိုင်လဲဆိုတာကို သိရဖို့ပါပဲ” ဟု အဆိုပါ အီတလီနိုင်ငံသား နည်းပြက ဆိုသည်။
ချဲလ်ဆီးအသင်းမှာ ဘရာဇီးအသင်းအတွက် ကစားသမား အများဆုံးခေါ်ယူခံရသည့် အသင်းဖြစ်ကာ ကွင်းလယ်ကစားသမား အန်ဒရေ ဆန်းတို့စ်၊ တိုက်စစ်ကစားသမားများဖြစ်သည့် အီစတေဗိုနှင့် ဂျာအို ပက်ဒရို စသည့် ကစားသမားသုံးဦး ပါဝင်ကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ ရက်စ် အဘူအာဘော့ (974) အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းအား အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ဘရာဇီးကစားသမား နေမာ အောင်ပွဲခံနေပုံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
Neymar to miss Brazil World Cup qualifiers
RIO DE JANEIRO, Aug. 25 (Xinhua) — Neymar has been left out of Brazil’s squad for World Cup qualifiers against Chile and Bolivia as he continues to battle injuries.
The 33-year-old Santos forward has not played for Brazil since October 2023, when he sustained a ruptured anterior cruciate ligament in his left knee during a World Cup qualifier against Uruguay.
His recovery has been hampered by repeated muscle problems and he suffered a fresh thigh strain while training last Thursday.
“Neymar isn’t [in the squad] because he had a problem last week,” Brazil manager Carlo Ancelotti told a news conference on Monday. “But we don’t need to test Neymar. Everyone knows him, from the technical committee to the fans. Like everyone else, Neymar will have to be in good physical condition to help the national team and do well at the World Cup.”
Brazil, which has already qualified for football’s showpiece tournament next year, will meet Chile in Rio de Janeiro on September 4 and Bolivia in El Alto five days later.
Real Madrid pair Vinicius Junior and Rodrygo were also missing from Ancelotti’s 23-man squad as he looks at alternatives.
West Ham United midfielder Lucas Paqueta was recalled after being cleared in a betting investigation while striker Kaio Jorge, who has 15 goals in 20 Brazilian Serie A games this year, earned his first national call-up.
“The idea is to get to know players who I’m not fully familiar with yet and who can help the team do well,” the Italian said.
Chelsea is the best represented club in the squad with three players: midfielder Andrey Santos and forwards Estevao and Joao Pedro.
English Caption 1
Brazil’s Neymar controls the ball during their 2026 World Cup qualifier against Bolivia at the Olympic Stadium of Para in Belem, Brazil, on Sept. 8, 2023. (Photo by Lucio Tavora/Xinhua)
English Caption 2
Neymar of Brazil celebrates after the team advances into the quarterfinals after the Round of 16 match against South Korea at the 2022 FIFA World Cup at Ras Abu Aboud (974) Stadium in Doha, Qatar, Dec. 5, 2022. (Xinhua/Chen Cheng)