Asia
လာအိုနိုင်ငံတွင် အွန်လိုင်း ပြည်ဝင်ပြည်ထွက်မှတ်ပုံတင်စနစ် လုပ်ဆောင်မည်

ဗီယင်ကျန်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံတွင် နိုင်ငံရပ်ခြားခရီးသွားလာသူများအတွက် သမားရိုးကျ လူဝင်မှုကြီးကြပ်ရေးစာရွက်ပုံစံများကို ဖယ်ရှားကာ ဆိုက်ရောက်မှုဆိုင်ရာ ဒစ်ဂျစ်တယ် စနစ်သစ် ရှေ့ပြေးအစီအစဥ်အား စတင်လုပ်ဆောင်တော့မည် ဖြစ်သည်။
စက်တင်ဘာ ၁ ရက်တွင် စတင်ကာ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဌာနမှ ပြည်ဝင်ပြည်ထွက်အွန်လိုင်းမှစာရင်းသွင်းသည့်စနစ်ကို ကနဦးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၆ ရက် ပြည်တွင်းသတင်းဝက်ဘ်ဆိုက် Lao Phattana News သတင်းအရ သိရသည်။
အဆိုပါစမ်းသပ်မှုကို နိုင်ငံတကာစစ်ဆေးရေးဂိတ် လေးခုတွင် စတင်လုပ်ဆောင်မည်ဖြစ်သည်။ (Xinhua)
……………………
(English Version)
Laos to launch online entry-exit registration system
VIENTIANE, Aug. 26 (Xinhua) — Laos will launch a pilot program for its new digital arrival registration system, replacing traditional paper-based immigration forms for foreign travelers.
Starting from Sept. 1, the Immigration Police Department under the Ministry of Public Security will launch a pilot implementation of its new online entry and exit registration system, according to the local news website Lao Phattana News on Tuesday.
The trial will begin at four international checkpoints.
Tourists visit Patuxay Park in the downtown of Lao capital Vientiane on Feb. 7, 2023.(Photo by Kaikeo Saiyasane/Xinhua)