International Organizations
ဝင်ဘယ်ဒန်ချန်ပီယံဆုကို နှစ်ကြိမ်ရရှိထားသည့် ခီဗစ်တိုဗာ ယူအက်စ်အိုးပင်း၌ ရှုံးနိမ့်ခဲ့ပြီးနောက် တင်းနစ်လောကမှ အနားယူ

ဝါရှင်တန်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
ဝင်ဘယ်ဒန် ချန်ပီယံဆုကို နှစ်ကြိမ်ရရှိထားသည့် ခီဗစ်တိုဗာမှာ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်၌ ရှုံးနိမ့်ခဲ့ပြီးနောက် ဩဂုတ် ၂၅ ရက်က ပရော်ဖက်ရှင်နယ် တင်းနစ်လောကမှ အနားယူသွားပြီဖြစ်ကြောင်း သိရသည်။
နယူးယောက်မြို့တွင် ကျင်းပမည့် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ၎င်းအတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမည်ဟု ထိုပြိုင်ပွဲမတိုင်မီကပင် ကြေညာခဲ့သည့် အသက် ၃၅ နှစ်အရွယ် ချက်တင်းနစ်မယ် ခီဗစ်တိုဗာမှာ ပြင်သစ်တင်းနစ်မယ် ဒီယန် ပါရီအား ၆-၁၊ ၆-၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ခီဗစ်တိုဗာက ၎င်းအနေဖြင့် လွန်ခဲ့သည့် သီတင်းပတ်သုံးပတ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရခြင်းကြောင့် ကြံ့ခိုင်မှုအပိုင်းတွင် ရုန်းကန်ခဲ့ရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ခီဗစ်တိုဗာမှာ ဂရင်းစလင်း ဆုဖလားဖြစ်သည့် ဝင်ဘယ်ဒန်ချန်ပီယံဆုကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဆွတ်ခူးခဲ့မှု အပါအဝင် WTA တစ်ဦးချင်းဆုဖလား ၃၁ လုံး ဆွတ်ခူးနိုင်ခဲ့သည်။ ၎င်းအနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အမြင့်ဆုံးအနေဖြင့် အဆင့်-၂ ၌ ရပ်တည်နိုင်ခဲ့ကာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိလည်းကောင်း Top-10 စာရင်း၌ ၈ ရာသီတိုင်တိုင် ရပ်တည်နိုင်ခဲ့သလို ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင်လည်း ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
“ကျွန်မ တစ်ခါမှ ကမ္ဘာ့အဆင့်-၁ မဖြစ်ဖူးပေမဲ့ ဂရင်းစလင်းဆုဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့တာက ကမ္ဘာ့အဆင့်-၁ ဆိုတဲ့ ဂုဏ်ပုဒ်ထက် သာလွန်တယ်လို့ ကျွန်မထင်နေတုန်းပါပဲ။ ဒါကြောင့် ကျွန်မ အဲဒီအတိုင်းပဲ လက်ခံထားမှာပါ။ အထူးသဖြင့် ဝင်ဘယ်ဒန်ချန်ပီယံဆုတွေကိုပေါ့။ ကျွန်မ အရာတော်တော်များများအတွက် ဂုဏ်ယူပါတယ်” ဟု ခီဗစ်တိုဗာက ပြောကြားခဲ့သည်။
အမျိုးသမီး တင်းနစ်အဖွဲ့ချုပ် (WTA) ၏ စီအီးအို ပေါ်ရှာ အာချာက “ပက်ထရာဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ နှိမ့်ချမှု၊ ဇွဲသတ္တိရှိမှုတွေနဲ့ ပြိုင်ပွဲဝင်ခဲ့ပြီး သူ့ရဲ့ စိတ်လှုပ်ရှားစရာ တင်းနစ်အမှတ်တံဆိပ်နဲ့အတူ တင်းနစ်ပရိသတ်တွေကို ရင်ဖိုစိတ်လှုပ်ရှားမှုတွေ ပေးစွမ်းခဲ့ပါတယ်” ဟု ဩဂုတ် ၂၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

ကာတာနိုင်ငံ မြို့တော်ဒိုဟာရှိ ခါလီဖာ နိုင်ငံတကာတင်းနစ် အားကစားရုံ၌ ကျင်းပသည့် WTA ကာတာအိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်၌ ဘယ်လ်ဂျီယမ်တင်းနစ်မယ် အလိစ် မာတင်စ်၏ စပေးဘောရိုက်ချက်ကို တုံ့ပြန်နေသည့် ချက်တင်းနစ်မယ် ပက်ထရာ ခီဗစ်တိုဗာအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Two-time Wimbledon champion Kvitova retires after US Open loss
WASHINGTON, Aug. 26 (Xinhua) — Two-time Wimbledon champion Petra Kvitova retired from professional tennis Monday after a first-round loss at the US Open.
The 35-year-old Czech, who announced before Wimbledon that New York would be her final tournament, fell 6-1, 6-0 to France’s Diane Parry. Kvitova revealed she had contracted COVID-19 three weeks earlier and had struggled with her fitness.
Kvitova won 31 WTA singles titles, including Grand Slam crowns at Wimbledon in 2011 and 2014. She rose as high as No. 2 in the world rankings, posted eight top-10 seasons (2011-15, 2018-20), and earned a bronze medal at the 2016 Rio Olympics.
“I’ve never been world No. 1, but I think still those two Grand Slam wins is above the world No. 1. So that’s how I’m going to take it, especially the Wimbledon ones. I’m proud of many things,” said Kvitova.
“Throughout her career, Petra competed with humility and resilience and thrilled tennis audiences with her exciting brand of tennis,” Portia Archer, CEO of the WTA, said Monday in a statement. ■
English Caption 1
Petra Kvitova reacts during the singles round of 32 match between Petra Kvitova of the Czech Republic and Zhang Shuai of China at WTA 500 Qatar Open 2023 in Doha, Qatar, Feb. 14, 2023. (Photo by Nikku/Xinhua)
English Caption 2
Petra Kvitova of the Czech Republic hits a return during the second round of WTA Qatar Open tennis tournament match against Elise Mertens of Belgium at the Khalifa International Tennis Complex in Doha, capital of Qatar, on Feb. 22, 2022. (Photo by Nikku/Xinhua)