Africa & Middle East
အီဂျစ်နိုင်ငံက ကူညီထောက်ပံ့ရေးရိက္ခာတင် ကုန်တင်ကား အစီး ၂၀၀ ဂါဇာသို့ ပို့ဆောင်

ကိုင်ရို ၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံမှ စေလွှတ်လိုက်သည့် ကုန်တင်ကား အစီး ၂၀၀ ဖြင့် ဖွဲ့စည်းထားသည့် လူသားချင်းစာနာထောက်ထားရေးအကူအညီများတင်ဆောင်လာသည့် ယာဥ်တန်းသည် ကူညီထောက်ပံ့ရေးရိက္ခာ ၂,၇၀၀ တန် သယ်ဆောင်ပြီး အီဂျစ်နိုင်ငံဘက်ခြမ်း ရာဖာဂိတ်မှတစ်ဆင့် Kerem Shalom နယ်စပ်ကိုဖြတ်သန်းကာ ပို့ဆောင်သွားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင်ရုပ်သံ၏ သတင်းများအရ သိရသည်။
အကူအညီပစ္စည်းများတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဥ်မှထောက်ပံ့သည့် အစားအစာများ၊ လောင်စာဆီများ၊ ဆေးဝါးများနှင့်အခြားဆေးဘက်ဆိုင်ရာအထောက်အပံ့များ ပါဝင်ပြီး ဂါဇာကမ်းမြောင်ဒေသသို့ မပေးပို့မီ အစ္စရေး အာဏာပိုင်များ၏ စစ်ဆေးမှုကိုစောင့်ဆိုင်းရမည်ဖြစ်ကြောင်း သတင်းအရ သိရသည်။
အီဂျစ်လခြမ်းနီအဖွဲ့၏ ဇူလိုင် ၂၇ ရက်မှစ၍ ကူညီမှုများလုပ်ဆောင်ခဲ့ရာတွင် ယခုယာဥ်တန်းသည် ၂၃ ကြိမ်မြောက် ယာဥ်တန်းဖြစ်ကြောင်းသိရသည်။
ကုလသမဂ္ဂ ထောက်ပံ့သည့် စားနပ်ရိက္ခာဖူလုံမှုအဆင့်သတ်မှတ်သည့်အဖွဲ့က အလွန်အမင်းဆာလောင်မှုနှင့် အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီ အပါအဝင် မရှိမဖြစ်လိုအပ်သောပစ္စည်းများ ဆိုးဆိုးဝါးဝါး ပြတ်လပ်နေ ကြောင်း မီးမောင်းထိုးပြောဆိုကာ ဂါဇာ၏နေရာတချို့တွင် ငတ်မွတ်မှုဘေး ကြုံတွေ့နေရကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဟားမက်စ်-အစ္စရေး ပဋိပက္ခ စတင်ချိန်မှစ၍ အီဂျစ်နိုင်ငံသည် ဂါဇာသို့ ပေးပို့သည့် အကူအညီစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် ထောက်ပံ့ခဲ့ပြီး ကုန်တင်ယာဥ် ထောင်ပေါင်းများစွာနှင့် ကူညီထောက်ပံ့ရေးရိက္ခာ တန်ချိန် ၅၅၀,၀၀၀ ပို့ဆောင်ပေးခဲ့ကြောင်း၊ အီဂျစ်နိုင်ငံဘက်ခြမ်း ရာဖာတွင် ကုန်တင် ကား အစီးရေ ၅၅၀၀ စောင့်ဆိုင်းလျက်ရှိကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Egypt sends 200-truck aid convoy towards Gaza
CAIRO, Aug. 26 (Xinhua) — Egypt on Tuesday dispatched a 200-truck humanitarian aid convoy carrying 2,700 tons of relief supplies from the Egyptian side of the Rafah crossing toward the Kerem Shalom crossing, Egypt’s state TV reported.
The aid, including food supplies provided by the World Food Programme, along with fuel, medicines, and other medical supplies, will await inspection by Israeli authorities before being delivered into the Gaza Strip, according to the report.
It was the 23rd convoy sent under an initiative, started on July 27 and run by the Egyptian Red Crescent.
The UN-backed Integrated Food Security Phase Classification has confirmed famine in parts of Gaza, highlighting extreme hunger and critical shortages of necessities, including food, medicine, and fuel.
Egypt has provided more than 70 percent of the total aid delivered to Gaza since the Hamas-Israel conflict began in October 2023, with over 550,000 tons of relief supplies transported by thousands of trucks, while about 5,000 trucks remain waiting on the Egyptian side of the Rafah crossing, said the Egyptian Foreign Ministry last week.
Photo : A truck returns from Gaza at the Egyptian side of the Rafah crossing, on Nov. 24, 2023. (Photo by Mohamed Asad/Xinhua)