Asia
လာမည့် SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေးက ဒေသတွင်း လုံခြုံမှု၊ တည်ငြိမ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် အလွန်အရေးပါသည်ဟု ကမ္ဘောဒီးယား ပညာရှင်များ ပြော

ဖနွမ်းပင်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
မကြာမီကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေးမှာ မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတို့ကို မြှင့်တင်ရာတွင် အလွန်အရေးပါသည်ဟု ကမ္ဘောဒီးယား ပညာရှင်များက ဩဂုတ် ၂၆ ရက်၌ ပြောကြားခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အလွန်အရေးကြီးသော အဆင့်သို့ ရောက်ရှိနေချိန်တွင် အဆိုပါ ထိပ်သီးအစည်းအဝေးမှာ ကျယ်ကျယ်ပြန့်ပြန့် အရေးပါလျက်ရှိသည်ဟု ဖနွမ်းပင် တော်ဝင်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးနှင့် ပြည်သူ့ရေးရာမူဝါဒ အင်စတီကျုမှ ကထိကတစ်ဦးဖြစ်သူ ထုံမန်ဒါဗီက ပြောကြားခဲ့သည်။
“ဒါဟာ မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေဖို့၊ ဒေသတွင်း တည်ငြိမ်မှုကို မြှင့်တင်ဖို့နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရှေ့ဆက်ဖော်ဆောင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုပါပဲ” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ယင်းထိပ်သီးအစည်းအဝေးမှာ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို တိုးတက်ကောင်းမွန်စေခြင်း၊ “SCO မိသားစုအသိုက်အဝန်း” အတွင်း တူညီဆန္ဒများကို စုစည်းခိုင်မာစေခြင်းနှင့် အားလုံးလက်ခံပါဝင်သော ဗဟုအသွင် ပူးပေါင်းဆောင်ရွက်မှု စံနမူနာတစ်ခုအဖြစ် SCO အဖွဲ့၏ အခန်းကဏ္ဍကို အားဖြည့်ပေးခြင်းဖြင့် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်စီမံချက် ချမှတ်နိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဟု မန်ဒါဗီက ဆိုသည်။
ထိပ်တိုက်တွေ့သည့် သို့မဟုတ် ချန်လှပ်ဖယ်ထုတ်ထားသည့် ပုံစံများနှင့်မတူဘဲ ယင်းထိပ်သီးအစည်းအဝေးမှာ နိုင်ငံတကာဆက်ဆံရေးတွင် အားလုံးလက်ခံပါဝင်မှုရှိ၍ သဘောတရားသက်သက်အပေါ် အခြေခံခြင်းမရှိသော ချဉ်းကပ်မှုနည်းလမ်းကို အကောင်အထည်ဖော်လျက်ရှိသည်ဟု ၎င်းက ပြောသည်။
ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီ လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံတကာဆက်ဆံရေး အင်စတီကျုမှ ညွှန်ကြားရေးမှူးချုပ် ကင်ဖီက SCO အနေဖြင့် မကြာသေးမီနှစ်များအတွင်း ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသီးသီး၌ သိသာထင်ရှားသော တိုးတက်မှုများ ဖြစ်ထွန်းခဲ့သည်ဟု ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများက လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ ထောက်လှမ်းရေးသတင်း ဖလှယ်မှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်မှုရှိစေရန် အားဖြည့်လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“အခြေခံအဆောက်အအုံ စီမံကိန်းတွေဟာ ပေါင်းကူးချိတ်ဆက်မှုကို မြှင့်တင်ပေးခဲ့ပြီး ကုန်သွယ်ရေးနဲ့ ဈေးကွက်များ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းမှုကို အဆင်ပြေချောမွေ့စေခဲ့သလို တစ်ဖက်မှာလည်း ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုတွေကနေ အပြန်အလှန်ယုံကြည်မှုနဲ့ အပြန်အလှန်နားလည်မှုတွေကို မြှင့်တင်ပေးခဲ့ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “အထူးသဖြင့် အွန်လိုင်းကနေ ကူးသန်းရောင်းဝယ်မှုနဲ့ ဆိုက်ဘာလုံခြုံရေး အပါအဝင် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဆန်းသစ်တီထွင်မှုနဲ့ မောင်းနှင်တွန်းအားပေးတဲ့ စီးပွားရေးတိုးတက်မှုဆီကို ဦးတည်နေတဲ့ အရွေ့တစ်ခုကို ထင်ဟပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဖနွမ်းပင်မြို့ရှိ BELTEI နိုင်ငံတကာတက္ကသိုလ်မှ အကြီးတန်း ပါမောက္ခတစ်ဦးဖြစ်သူ ဂျိုးဆက် မက်သယူးစ်က SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုများကို မြှင့်တင်ဖော်ဆောင်မည့် ဘုံရည်မှန်းချက်အတွက် အလွန်ကောင်းမွန်သည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးမည်ဟု ဆိုသည်။
ယခုနှစ်၌ ရေပန်းအစားဆုံးဖြစ်လာမည့် အကြောင်းအရာမှာ ဒစ်ဂျစ်တယ်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်း ပေါင်းစည်းချိတ်ဆက်မှုတို့ ဖြစ်လာမည်ဟု ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဒစ်ဂျစ်တယ်နှင့် AI နည်းပညာနယ်ပယ်၌ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နေသည်ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံဟာ SCO အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး ဒေသတွင်းမှာ ဒစ်ဂျစ်တယ်နည်းပညာကွန်ရက် ယန္တရားသစ်တစ်ခု ဖန်တီးဖို့အတွက် ကတိကဝတ်ပြုထားတာမို့ SCO အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အဲဒီကနေ အကျိုးကျေးဇူးတွေ ရရှိပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ယင်း၏ အသိပညာ၊ နည်းပညာနှင့် ကြွယ်ဝချမ်းသာမှုများကို မိတ်ဖက်နိုင်ငံများအား နိုင်ငံရေးစနစ်မရွေး၊ လူမှုရေးစနစ်မရွေး မျှဝေပေးရန် အစဉ်အမြဲ ဆန္ဒရှိနေသည်ဟု မက်သယူးစ်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်း ခေတ်မီအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ်၏ လူပန်း လက်တွေ့သင်ကြားမှုစင်တာ၌ ဆရာတစ်ဦးက ကျောင်းသားတစ်ဦးအား စက်လည်ပတ်အသုံးပြုနည်း သင်ပြပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(English Version)
Upcoming SCO Tianjin Summit crucial to boosting regional security, stability, economic cooperation, Cambodian experts say
PHNOM PENH, Aug. 27 (Xinhua) — The upcoming Shanghai Cooperation Organization (SCO) Tianjin summit is crucial to boosting strategic security cooperation, regional stability and economic ties, Cambodian experts said on Tuesday.
Thong Mengdavid, a lecturer at the Institute for International Studies and Public Policy under the Royal University of Phnom Penh, said the summit holds great significance at a time when SCO member states are entering critical phases of accelerated development.
“This is a great opportunity for states to strengthen strategic security cooperation, promote regional stability and advance economic cooperation,” he told Xinhua.
Mengdavid said the summit will be an opportunity to set a new blueprint for institutional development by refining mechanisms of cooperation, consolidating consensus within the “SCO family”, and reinforcing the organization’s role as a model of inclusive, multipolar cooperation.
Unlike confrontational or exclusionary models, it embodies a uniquely inclusive and non-ideological approach to international relations, he said.
Kin Phea, director-general of the International Relations Institute of Cambodia, an arm of the Royal Academy of Cambodia, said in recent years, the SCO has made notable progress in diverse areas of cooperation.
He said member states have strengthened regional stability through security dialogues, intelligence exchange, and joint counter-terrorism exercises.
“Infrastructure projects have boosted connectivity, facilitating trade and deeper market integration, while cultural exchanges have nurtured mutual trust and understanding,” he told Xinhua. “Collaboration in the digital economy, particularly in e-commerce and cybersecurity, reflects a shift toward innovation-led growth.”
Joseph Matthews, a senior professor at the BELTEI International University in Phnom Penh, said the SCO Tianjin summit will provide a golden opportunity for the common goal of promoting economic and cultural exchanges in the region and beyond.
He said this year the most imminent topic would be digital and technological development and connectivity in the region.
China is the leading country in digital and AI technologies in the world, he told Xinhua. “China is committed to enhancing cooperation and collaboration with SCO countries to create a new digital networking mechanism in the region, so all the SCO states will benefit from it.”
Matthews said China is always willing to share it knowledge, technology and prosperity with partner countries irrespective of their political and social systems.■
English Caption 1
An aerial drone photo taken on Aug. 25, 2025 shows a light show along the Haihe River in north China’s Tianjin. (Du Penghui/Xinhua)
English Caption 2
A teacher gives operating instructions to a student at the Luban Workshop of Tianjin Modern Vocational Technology College in north China’s Tianjin, June 16, 2025. (Xinhua/Sun Fanyue)