Europe
ဇယ်လန်းစကီးက အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်သစ် ခန့်အပ်

ကိဗ်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဥရောပနှင့် ယူရို-အတ္တလန္တိတ် ပေါင်းစည်းရေးဆိုင်ရာ ဒုတိယ၀န်ကြီးချုပ်ဟောင်း Olga Stefanishyna အား အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်သစ်အဖြစ် ခန့်အပ်ကြောင်း အမိန့်တစ်ရပ်ကို ဩဂုတ် ၂၇ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဇယ်လန်းစကီးက ယူကရိန်းသံရုံး၏လုပ်ငန်းကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန် အဓိကလုပ်ဆောင်ရမည့်တာဝန်များကို ဖော်ပြခဲ့ပြီး အဓိကဦးစားပေးမှာ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သဘောတူထားသည့် သဘောတူညီချက်အားလုံးကို အပြည့်အဝအကောင်အထည်ဖော်ရန်ဖြစ်ကြောင်း Telegram တွင် ပြောကြားခဲ့သည်။
Stefanishyna မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Oksana Markarova ၏ နေရာ၌ အစားထိုးခန့်အပ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Zelensky appoints new ambassador to U.S.
KIEV, Aug. 28 (Xinhua) — Ukrainian President Volodymyr Zelensky on Wednesday signed a decree appointing Olga Stefanishyna, former Deputy Prime Minister for European and Euro-Atlantic Integration, as Ukraine’s new ambassador to the United States.
Zelensky said on Telegram that he outlined key tasks for revitalizing the work of the Ukrainian embassy and that the main priority is to fully implement all agreements with U.S. President Donald Trump, particularly in the defense sector.
Stefanishyna replaced Oksana Markarova, who had served as Ukraine’s envoy to Washington since February 2021. ■
English Caption
U.S. President Donald Trump (C) welcomes Ukrainian President Volodymyr Zelensky (R) at the White House in Washington, D.C., the United States, on Aug. 18, 2025. (Xinhua/Hu Yousong)