Connect with us

International Organizations

ကင်ညာနိုင်ငံတွင်ကျင်းပမည့် CHAN ၂၀၂၄ ဗိုလ်လုပွဲသို့ ဖီဖာဥက္ကဌ အင်ဖန်တီနို တက်ရောက်မည်

ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလား ပင်မမီဒီယာစင်တာ၌ သတင်းစာရှင်းလင်းပွဲ တက် ရောက်ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဂီယန်နီအင်ဖန်နီတိုအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲ (CHAN 2024) သို့ တက်ရောက်ရန် ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုသည် ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီသို့ ဩဂုတ် ၃၀ ရက်၌ ရောက်ရှိလာမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ဩဂုတ် ၂၇ ရက်က အတည်ပြုပြောကြားခဲ့သည်။
နိုင်ရိုဘီမြို့တွင်ကျင်းပမည့် ပြည်တွင်းဖြစ်ကစားသမားများသာပါဝင်ယှဥ်ပြိုင်သည့် ၈ ကြိမ်မြောက် အာဖရိကတိုက်ကိုယ်စားပြုဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ ဖီဖာဥက္ကဌအင်ဖန်တီနိုက အထူး ဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း CHAN ပြိုင်ပွဲအတွက် ကင်ညာပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ နီကိုးလပ်စ်မူဆွန်ညီက ပြောကြားခဲ့ခြင်းဖြစ်သည်။
မူဆွန်ညီ၏ပြောကြားမှုအရ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF) ဥက္ကဋ္ဌ ပက်ထရစ်မော့တ်ဆီပီနှင့် အာဖရိကတိုက်ရှိ ၅၄ နိုင်ငံစလုံးမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများအားလုံး အဆိုပါ ဗိုလ်လုပွဲသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဩဂုတ် ၂ ရက်က တန်ဇန်းနီးယားနိုင်ငံ ဒါအက်စ်ဆာလမ်းတွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ကာ နိုင်ရိုဘီ၌ကျင်းပမည့်ဗိုလ်လုပွဲတွင် ချန်ပီယံဆုဖလား ၂ ကြိမ်ရထားဖူးသည့် မော်ရိုကိုနှင့် မာဒါဂါစကာတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲသို့ ကင်ညာနိုင်ငံသမ္မတ ဝီလျံရူတိုနှင့် အခြားသော အစိုးရအကြီးအကဲ ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ဖွယ်ရှိကြောင်းလည်း သိရသည်။
၈ ကြိမ်မြောက် CHAN ပြိုင်ပွဲကျင်းပရန် ဇန်နဝါရီလအတွင်းက တစ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသလို ဩဂုတ်လသို့ ထပ်မံရွှေ့ဆိုင်းပြီးမှ ကျင်းပခဲ့ရခြင်းဖြစ်သည်။ ထိုကဲ့သို့ရွှေ့ဆိုင်းခဲ့ရခြင်းမှာ ၂၀၂၇ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်ညာ၊ တန်ဇန်းနီးယားနှင့် ယူဂန္ဓာတို့က ၃ နိုင်ငံ ပူးတွဲအိမ်ရှင် များအဖြစ် လက်ခံကျင်းပနိုင်ရန် ယခုပြိုင်ပွဲကို အစမ်းသဘောမျိုးအဖြစ် အချိန်ယူပြင်ဆင်ကာ ကျင်းပ ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။
CAF ဥက္ကဋ္ဌ မော့တ်ဆီပီက ပထမဆုံးအကြိမ် ၃ နိုင်ငံပူးပေါင်းကာ အိမ်ရှင်အဖြစ်ကျင်းပမည့်ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေသလို ပူးတွဲအိမ်ရှင်လုပ်ကြမည့် အရှေ့ အာဖရိက အိမ်နီးချင်းနိုင်ငံများက ပြိုင်ပွဲကျင်းပရန် အသင့်ရှိ၊ မရှိကို စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ၂၀၂၄ CHAN ပြိုင်ပွဲမှာ စိတ်အာရုံအဖမ်းစားနိုင်ဆုံး ပြိုင်ပွဲကြီးတစ်ခုအဖြစ် ပြီးဆုံးနိုင်တော့မည် ဖြစ် ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
FIFA President Infantino due in Kenya for CHAN 2024 final
NAIROBI, Aug. 27 (Xinhua)
FIFA President Gianni Infantino is due in the Kenyan capital Nairobi on Saturday to attend the final of the 2024 Africa Nations Championship (CHAN) finals, organizers confirmed on Wednesday.
Chairman of Kenya’s Local Organizing Committee for CHAN, Nicholas Musonye, said the world football governing body boss will be the chief guest as the eighth edition of the continental tournament that features domestic players only concludes in Nairobi.
Musonye said the Confederation of African Football (CAF) president Patrice Motsepe and all 54 heads of national football on the continent will be in attendance.
Two-time winners Morocco will take on Madagascar in the final to close a tournament that kicked off on Aug. 2 in Dar-es-Salaam, Tanzania.
Kenya’s President William Ruto, among other senior government dignitaries, is also expected at the showpiece.
The eighth edition of the CHAN, which was first postponed to January and later to August, was mooted as a test tournament for the 2027 African Cup of Nations that was also set to be co-hosted by Kenya, Tanzania and Uganda.
Motsepe personally spearheaded the effort to stage the first three-nation competition, and despite concerns over the East African neighbors’ readiness to stage the event, the 2024 CHAN is set to conclude as one that has captured the most imagination.
Photo:
FIFA President Gianni Infantino attends a media briefing at 2022 Qatar World Cup Main Media Center in Doha, Qatar, Nov. 19, 2022. (Xinhua/Lan Hongguang)