International Organizations
ဘာစီလိုနာဂိုးသမားပီနာ အယ်ချီသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

မက်ဒရစ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဘာစီလိုနာက ဂိုးသမားအီနာကီပီနာကို လာလီဂါတန်းတက်အသင်း အယ်ချီသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခွင့်ပေးလိုက်ကြောင်း၊ ထိုကဲ့သို့ အငှားချလိုက်ရခြင်းမှာ ဝိုးရှစ်ဆက်ဇီနီ၊ ဂျရတ်မာတင်၊ ရွန်နီ ဘတ်ဒ်ဂီတို့အား ပထမအသင်းတွင် ထည့်သွင်းမှတ်ပုံတင်နိုင်ရေးအတွက် နေရာလွတ်ရရန် ဖြစ်ကြောင်း သိရသည်။
ပီနာမှာ ဘာစီလိုနာမှမထွက်ခွာခင်ကမှ စာချုပ်သစ်လက်မှတ်ရေးထိုးခဲ့သော်လည်း လက်ရှိရာသီတွင် အယ်ချီ၌ ကစားရတော့မည်ဖြစ်သလို ယခုကဲ့သို့အငှားချလိုက်ခြင်းကလည်း လာလီဂါ၏ လုပ်ခလစာ စည်းမျဥ်းများနှင့်အံဝင်စေရန် ဘာစီလိုနာလုပ်ဆောင်ခဲ့သည့် ဘဏ္ဍာရေးပိုင်းဆိုင်ရာဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
ဝါရင့်ဂိုးသမားဖြစ်သည့် ဆက်ဇီနီမှာ ၂၀၂၄ ခုနှစ်အတွင်းက ဘာစီလိုနာသို့ ၁ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ လာခဲ့သူဖြစ်သည်။ ဂိုးသမား မာ့စ်တာစတီဂျန် ပြင်းထန်ဒူးဒဏ်ရာရခဲ့ပြီးနောက် ဘာစီလိုနာသို့ ရောက်လာခြင်းဖြစ်သလို လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ၂ နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းကို ဘာစီလိုနာကစားသမားအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက် လစာနှုန်းထားကန့်သတ်ချက်များက ယမန်နှစ်ရာသီကကဲ့သို့ပင် အဟန့်အတားဖြစ်နေကြောင်းသိရသည်။
ဘယ်အစွန် ခံစစ်မှူး မာတင်ကလည်း အလားတူ ပြသာနာကို ကြုံတွေ့နေရကြောင်းသိရသည်။ မာတင်မှာ ယမန်နှစ်ရာသီက ဘာစီလိုနာ B အသင်းသို့ဆင်းကစားကာ မှတ်ပုံတင်ခဲ့ပြီးနောက် ယခု နွေရာသီစျေးကွက်အတွင်း အချက်အလက်အသစ်များသဘောတူညီမှုရကာ စီနီယာအသင်းကြီးသို့ ပြန်လည်ရောက်ရှိလာသော်လည်း ဘာစီလိုနာက လုပ်ခလစာနှုန်းများကို လျှော့မချနိုင်ချိန်အထိ မာတင်အား အသင်းလူစာရင်း၌ မှတ်ပုံတင်နိုင်ခြင်း မရှိပေ။ ဘာစီလိုနာမှာ မှတ်ပုံတင်ကစားသမား နေရာအလွတ်များ ထပ်မံရရှိလာစေရေးအတွက် ကွင်းလယ်ကစားသမား အိုရီယိုလ် ရိုမူးကိုလည်း စာချုပ် ဖျက်သိမ်းနိုင်ရန် စောင့်ဆိုင်းနေကြောင်း သိရသည်။
ဘာစီလိုနာမှာ ဆွီဒင်တောင်ပံကစားသမား ဘတ်ဒ်ဂီကို မှတ်ပုံတင်နိုင်ရန် လိုအပ်သည့်ဘဏ္ဍာရေး သတ်မှတ်ချက်ကိုက်ညီစေရေးအတွက် လူငယ်အစွန်ကစားသမား ဟတ်တာဖို့တ်ကို အငှားချနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Barcelona goalkeeper Pena joins Elche on loan
MADRID, Aug. 27 (Xinhua) — FC Barcelona has loaned goalkeeper Inaki Pena to newly promoted Elche in a move aimed at freeing space to register Wojciech Szczesny, Gerard Martin and Roony Bardghji in its first-team squad.
Pena, who signed a new contract before departing, will spend the season at Elche. The deal is part of Barcelona’s financial maneuvering to comply with La Liga’s wage-cap regulations.
Veteran goalkeeper Szczesny joined Barcelona on a one-year contract in 2024 after Marc-Andre ter Stegen suffered a serious knee injury. He signed a new two-year deal in July, but salary restrictions have again prevented his registration.
Left-back Martin faces a similar issue. After playing last season with a B-team registration, he agreed new terms with the senior team this summer, but cannot be added to the squad until Barcelona lowers its wage bill. The club is also waiting on midfielder Oriol Romeu to terminate his contract to clear further space.
Barcelona is additionally seeking to loan out young full-back Hector Fort – a move that would help create the financial margin required to register Swedish winger Bardghji.
Photo:
Rafa Mir (2nd L) of Elche CF celebrates his goal with teammates during the Laliga football match between Atletico de Madrid and Elche CF in Madrid, Spain, Aug. 23, 2025. (Photo by Gustavo Valiente/Xinhua)