Connect with us

International Organizations

အေဂျက်စ်အသင်းမှ နယ်သာလန်နောက်ခံလူ ဟာတို ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ မက်ထ်လိုက်ဖ် အားကစားကွင်း၌ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းနှင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားတွင် ချဲလ်ဆီးအသင်းသားများ ဆုဖလားနှင့်အတူ အောင်ပွဲခံနေပုံကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သည်ဟိတ်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
အေဂျက်စ်နောက်ခံလူ ဂျော်ရယ်လ် ဟာတို၏ ချဲလ်ဆီးအသင်းထံ အပြောင်းအရွှေ့အတွက် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါ ကလပ်အသင်း နှစ်သင်းလုံးက ဩဂုတ် ၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၁၉ နှစ်အရွယ် ဘယ်သန်နောက်ခံလူ ဟာတိုမှာ ချဲလ်ဆီးအသင်းနှင့် ၂၀၃၂ ခုနှစ် နှစ်လယ်ပိုင်းအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဟာတိုမှာ အေဂျက်စ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေကာ ၎င်း၏ပြောင်းရွှေ့ကြေးအတွက် ယူရို ၄၄.၁၈ သန်း (ဒေါ်လာ ၅၁.၁၂ သန်း) ဖြင့် ကလပ်နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
ဟာတိုမှာ ၂၀၁၈ ခုနှစ်တွင် အေဂျက်စ်အသင်း၏ လူငယ်အကယ်ဒမီနှင့် စတင်ပူးပေါင်းခဲ့ပြီး ငါးနှစ်အကြာတွင် ပထမအသင်း၌ ပွဲထွက်ခွင့်ရရှိခဲ့ကာ ၎င်းအနေဖြင့် အေဂျက်စ်အသင်းကြီးအတွက် ၁၁၁ ပွဲ ပါဝင်ကစားခဲ့ပြီး လေးဂိုးသွင်းယူခဲ့သည်။ အဆိုပါ ဒတ်ချ်ကစားသမားမှာ ပြီးခဲ့သည့်ရာသီ၌ နယ်သာလန်ထိပ်တန်းလိဂ် (Eredivisie) ၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သည်။
လက်ရှိအပြောင်းအရွှေ့ဈေးကွက်၌ ချဲလ်ဆီးအသင်း၏ အဓိက ကစားသမားခေါ်ယူမှုအဖြစ် ဂျာအို ပက်ဒရို (ဘရိုက်တန်)၊ ဂျေမီ ဂစ်တင်စ် (ဒေ့ါမွန်)၊ လီယမ် ဒီလက်ပ် (အစ်ပ်ဆွစ်ချ်တောင်း) နှင့် အီစတေဗို (ပါလ်မီးရက်စ်) တို့ကို ခေါ်ယူခဲ့ပြီးနောက် ဟာတိုအား ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးအသင်းမှာ ပြီးခဲ့သည့်လက ဖီဖာကလပ်ကမ္ဘာ့ဖလားအား ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)


………………….
(English Version)
Dutch defender Hato leaves Ajax for Chelsea
THE HAGUE, Aug. 3 (Xinhua) — Ajax and Chelsea have agreed on the transfer of Jorrel Hato to the Premier League club, both sides announced Sunday.
The 19-year-old left-footed defender signed a deal with Chelsea through mid-2032. His contract at Ajax had been set to run until 2028. The clubs agreed on a transfer fee of 44.18 million euros (51.12 million U.S. dollars).
Hato joined Ajax’s youth academy in 2018 and made his first-team debut five years later. He went on to make 111 appearances for the senior side, scoring four goals. Last season, the Dutch international was named Eredivisie Talent of the Year.
He joins Joao Pedro (Brighton & Hove Albion), Jamie Gittens (Borussia Dortmund), Liam Delap (Ipswich Town) and Estevao (Palmeiras) among Chelsea’s most notable signings of the current transfer window. Chelsea won the FIFA Club World Cup last month.
English Caption
Players of Chelsea FC celebrate with trophy during the awarding ceremony for the final match between Chelsea FC (England) and Paris Saint-Germain (France) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 13, 2025. (Xinhua/Li Rui)