Connect with us

Asia

လေဆိပ်တွင် လေကြောင်းလိုင်းဝန်ထမ်းကို ထိုးကြိတ်ရိုက်နှက်မှုဖြင့် အိန္ဒိယစစ်တပ်အရာရှိ တရားစွဲခံရ

နယူးဒေလီ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဘက်ခြမ်းရှိ ဆရီနာဂါလေဆိပ်တွင် အိန္ဒိယစစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးက SpiceJet ပုဂ္ဂလိကလေကြောင်းလိုင်းမှ ဝန် ထမ်းလေးဦးကို ဒဏ်ရာအနာတရဖြစ်စေခဲ့ပြီးနောက် သေစေနိုင်လောက်သည့်တိုက်ခိုက်မှုဖြင့်
တရားစွဲခံထားရကြောင်း အဆိုပါလေကြောင်းလိုင်း၏ သြဂုတ် ၃ ရက်ထုတ်ပြန်ချက်အရ သိရသည်။

SpiceJet ၏ထုတ်ပြန်မှုအရ အဆိုပါစစ်တပ်အရာရှိသည် ခွင့်ပြုထားသည့်သတ်မှတ်ပမာဏထက် အလွန်များပြားသည့် ခရီးဆောင်အိတ်များကိုသယ်ဆောင်လာခဲ့သည်ဟု ဆိုသည်။ အပိုခရီးဆောင်အိတ်များအတွက် တန်ဆာခပေးချေရန်တောင်းဆိုရာတွင် အဆိုပါစစ်တပ် အရာရှိက ဒေါသထွက်သွားခဲ့ပြီး လေယာဥ်ပေါ်သို့တက်သည့် နေရာတစ်ဝိုက်မှ ဝန်ထမ်းများကိုတိုက်ခိုက်ခဲ့ရာ ဝန်ထမ်းများတွင် ကျောရိုးဒဏ်ရာများနှင့် မေးရိုးဒဏ်ရာများ ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

အဆိုပါဖြစ်စဥ်မှာ ဇူလိုင် ၂၆ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စွပ်စွဲခံရသည့် စစ်တပ်အရာရှိသည်လည်း ဆရီနာဂါလေဆိပ်မှ ဒေလီသို့လိုက်ပါသွားခဲ့သည်ဟု လေကြောင်းလိုင်း၏ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………….
(English Version)

Indian army officer booked over thrashing airline staff at airport

Source: XinhuaEditor: huaxia2025-08-03

NEW DELHI, Aug. 3 (Xinhua) — A senior Indian army officer was charged with “murderous assault” after he injured four staff members of a private airline at the Srinagar airport in Indian-controlled Kashmir, said the airline in a statement issued on Sunday.

SpiceJet said in the statement that the army officer was carrying luggage much beyond the permissible limits, and grew aggressive on being asked to pay for the extra luggage. He allegedly hit the airline’s staff at the boarding area, inflicting spinal injuries and jaw injuries on them, it added.

According to the airline, the incident occurred on July 26. The accused were to travel from Srinagar to Delhi.