International Organizations
တောင်ကိုရီးယားတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲ၌ တော့တင်ဟမ်ကွင်းလယ်လူ မက်ဒီဆင် ဒဏ်ရာရရှိ

ဆိုးလ်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
တော့တင်ဟမ် ဟော့စပါးအသင်း ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဩဂုတ် ၃ ရက်က နယူးကာဆယ် ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲ၌ ယမန်နှစ်က ရရှိခဲ့ဖူးသည့် ဒူးဒဏ်ရာကို ပြန်လည်ခံစားခဲ့ရကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် မက်ဒီဆင်မှာ လူစားဝင်ကစားသမားအဖြစ် ၁၁ မိနစ်သာ ပါဝင်ကစားခဲ့ပြီး ပွဲမပြီးဆုံးမီ မိနစ်ပိုင်းအလိုတွင် ညာဘက်ဒူးခေါင်း၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပွဲစဉ်၌ စပါးစ်အသင်းက နယူးကာဆယ်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။ မက်ဒီဆင်မှာ ဝေဒနာကို သိသိသာသာခံစားခဲ့ရပြီးနောက် ဆက်လက်ကစားနိုင်ခြင်း မရှိတော့သဖြင့် ၎င်းအား ကွင်းအတွင်းမှ ခေါ်ထုတ်သွားချိန်တွင် မျက်ရည်ဝဲနေခဲ့သည်ဟု သိရသည်။
မက်ဒီဆင်မှာ ယမန်နှစ် ရာသီကုန်ခါနီးတွင် ပွဲစဉ်ခြောက်ပွဲ လွဲချော်ခဲ့ရသည့် ဒဏ်ရာဟောင်းကို ပြန်လည်ခံစားခဲ့ရခြင်း ဖြစ်သည်ဟု ယူဆကြောင်း စပါးစ်အသင်းနည်းပြ သောမတ်စ် ဖရန့်ခ်က ပြောကြားခဲ့သည်။
“ဂျိမ်းစ် မက်ဒီဆင်ရဲ့ ဒဏ်ရာက အခြေအနေဆိုးရွားပုံပါပဲ။ သိပ်ကိုရက်စက်လွန်းတဲ့ အခိုက်အတန့်တစ်ခုပေါ့” ဟု ဖရန့်ခ်က အဆိုပါပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။ “အရင်က သူဒဏ်ရာရဖူးတဲ့ နေရာပဲဆိုတာ ကျိန်းသေပါတယ်” ဟု ၎င်းက အတည်ပြုခဲ့သည်။
ဖရန့်ခ်က မက်ဒီဆင် ဒဏ်ရာရရှိခဲ့သည့် အခြေအနေနှင့် နောက်ထပ် စပါးစ်ကစားသမားတစ်ဦးဖြစ်သည့် ဆွန်ဟောင်မင်အား တောင်ကိုရီးယားရှိ ပရိသတ်များက ဂုဏ်ပြုနှုတ်ဆက်ခဲ့သည့် အခြေအနေတို့ကိုလည်း နှိုင်းယှဉ်ပြောဆိုခဲ့သည်။ ဆွန်မှာ စပါးစ်အသင်း၌ ၁၀ နှစ်ကြာ ကစားပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု မကြာသေးမီက ကြေညာခဲ့သည်။
“တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ရဲ့ဘဝနဲ့ ဘောလုံးနဲ့သက်ဆိုင်တဲ့ အရာတွေက တစ်ဖက်မှာ လှပနှစ်လိုဖွယ်ကောင်းပြီး တခြားတစ်ဖက်မှာတော့ သိပ်ကိုရက်စက်ရာကျတတ်တယ်။ ဒီနေ့ ကျွန်တော်တို့ ကြုံခဲ့ရတာက အဲဒီအတိုင်းပါပဲ။ မက်ဒီဆင်ရဲ့ ဒဏ်ရာက ပြင်းထန်ပုံရပြီး တခြားတစ်ဖက်မှာတော့ ဆွန်အပေါ် သူ့အသင်းဖော်တွေရဲ့ တုံ့ပြန်ပုံနဲ့ နယူးကာဆယ် ကစားသမားတွေရဲ့ လေးစားမှုက မယုံနိုင်လောက်အောင်ပါပဲ” ဟု သောမတ်စ် ဖရန့်ခ်က ဆိုသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် တော့တင်ဟမ် ဟော့စပါးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်၌ လီဗာပူးလ်ကစားသမား ရိုင်ယန် ဂရေဗင်ဘာ့ချ် (ယာ) အား တော့တင်ဟမ်ကစားသမား ဂျိမ်းစ် မက်ဒီဆင် ဟန့်တားနေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Tottenham’s Maddison injured in South Korea friendly
SEOUL, Aug. 3 (Xinhua) — Tottenham Hotspur midfielder James Maddison has suffered what looks like a relapse of last season’s knee injury in a pre-season friendly game against Newcastle United here on Sunday.
The 28-year-old had only been on the pitch for 11 minutes when he suffered the injury to his right knee, minutes from the end of the 1-1 draw against Newcastle United.
He stopped running in obvious pain, before being carried off the pitch in tears.
Speaking after the game, Spurs coach Thomas Frank said he believed Maddison had suffered the same injury that saw him miss six games at the end of last season.
“James Maddison’s injury looks bad. It was a brutal moment,” Frank said after the game. We’re pretty sure it was the same knee he injured before,” he confirmed.
The coach compared Maddison’s injury, with the sendoff fans in Korea gave Son Heung-Min, who announced that he was leaving Tottenham after 10 years with the club.
“Sometimes in life and football things can be both beautiful and brutal; that’s what we got today. It looks like with Maddison’s bad injury and then on the other side unbelievable scenes for Son from his teammates and the respect from the Newcastle players,” he said.
English Caption 1
Tottenham Hotspur’s James Maddison celebrates scoring during the UEFA Europa League semifinals 1st leg match between Tottenham Hotspur and Bodo/Glimt in London, Britain, May 1, 2025. (Xinhua/Li Ying)
English Caption 2
Liverpool’s Ryan Gravenberch (R) is challenged by Tottenham Hotspur’s James Maddison during the English Premier League match between Tottenham Hotspur and Liverpool in London, Britain, on Dec. 22, 2024. (Xinhua)