Connect with us

Eastern Europe

တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များ တပ်ဖြန့်ချထားမှုအား တရားဝင်ဆိုင်းငံ့ထားခြင်းကို ရုရှား ရပ်ဆိုင်း

ရုရှားနိုင်ငံ မော်စကိုမြို့တွင် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားအတွက် အကြိုလေ့ကျင့်မှု ပြုလုပ်စဉ်အတွင်း ပဲ့ထိန်းဒုံးကျည်များ တင်ဆောင်လာသည့် စစ်ဘက်သုံးယာဉ်များ ရင်ပြင်နီတစ်လျှောက် မောင်းနှင်လာပုံကို ၂၀၂၄ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များ တပ်ဖြန့်ချထားမှုအပေါ် မိမိဘာသာ ကန့်သတ်မှုများကို မဖြစ်မနေလုပ်ဆောင်ရမည်ဟု ယူဆတော့မည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။
Intermediate-Range Nuclear Forces (INF) သဘောတူညီချက်အရ အလားတူ လက်နက်စနစ်များအား တပ်ဖြန့်ချထားမှုအပေါ် မိမိဘာသာ တရားဝင်ဆိုင်းငံ့ထားခြင်းအား ဆက်လက်ထိန်းသိမ်းရမည့် အခြေအနေများ ပျောက်ကွယ်သွားပြီဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးအနက်ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ ခြေလှမ်းများက ရုရှားနိုင်ငံနှင့် ထိစပ်နေသော ဒေသများတွင် ဒုံးလက်နက် စွမ်းဆောင်ရည်များအပေါ် မတည်မငြိမ်ဖြစ်စေမှုကို အရှိန်မြင့်တက်စေကာ ရုရှားနိုင်ငံ၏ မဟာဗျူဟာ လုံခြုံရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်ဟုလည်း အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။
ထိုနျူကလီးယား သဘောတူညီချက်မှာ အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုအကြား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ဖြစ်သည်။ သို့သော် ရုရှားဘက်က သဘောတူညီချက်အား လိုက်နာခြင်းမရှိဟုဆိုကာ အမေရိကန်က ၂၀၁၉ ခုနှစ်တွင် ယင်းသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့သည်။ ရုရှားနိုင်ငံကလည်း ထိုသဘောတူညီချက်အား ဆိုင်းငံ့ခဲ့ပြီး အမေရိကန် လုပ်ဆောင်ခဲ့သည့်နည်းတူ သတ်မှတ်ချက်အား တရားဝင်ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည်။ (Xinhua)
…………………..
(English Version)
Russia drops moratorium on deploying medium, shorter range missiles
MOSCOW, Aug. 5 (Xinhua) — The Russian Foreign Ministry said Monday that the country no longer considers itself bound by self-restrictions on deploying medium- and short-range ground-based missiles.
The foreign ministry noted the disappearance of “conditions for maintaining a unilateral moratorium on the deployment of similar systems” under the Intermediate-Range Nuclear Forces Treaty.
Steps by the West led to the buildup of destabilizing missile potentials in the regions adjacent to Russia, posing a direct threat to the country’s strategic security, the ministry said.
The nuclear treaty was an arms control deal between the United States and the Soviet Union. In 2019, the U.S. side withdrew from the treaty, citing Russian non-compliance. Russia had suspended the treaty and declared a moratorium on the condition that the U.S. does the same. ■
English Caption
Military vehicles carrying ballistic missiles drive along Red Square during a rehearsal for the Victory Day military parade, in Moscow, Russia, May 5, 2024. (Xinhua/Bai Xueqi)