Connect with us

International Organizations

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ပယ်လင်ညာ တော့တင်ဟမ်အသင်းထံ အငှားဖြင့်ပြောင်းရွှေ့

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဘိုချမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဘိုင်ယန်မြူးနစ်ကစားသမား ဂျာအို ပယ်လင်ညာ (ဝဲ) နှင့် ဘိုချမ်ကစားသမား တွမ်ကရော့စ်တို့ ဘောလုံးယှဉ်လုနေပုံကို ၂၀၂၅ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် ဟော့စပါးအသင်းက ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်း၏ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဂျာအို ပယ်လင်ညာအား အငှားဖြင့်ခေါ်ယူလိုက်ကြောင်း ဩဂုတ် ၄ ရက်က အတည်ပြုကြေညာခဲ့သည်။
ပယ်လင်ညာအား ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အဆိုပါ မြောက်လန်ဒန်ကလပ်အသင်းက ယင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့ပြီး ၂၀၂၅-၂၀၂၆ ရာသီကုန်တွင် အပြီးသတ်ခေါ်ယူခွင့်ကိုလည်း အငှားစာချုပ်၌ ထည့်သွင်းထားကြောင်း ဖော်ပြခဲ့သည်။
အသက် ၃၀ အရွယ် ပယ်လင်ညာမှာ ဖူလ်ဟမ်အသင်းမှ ‌ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်အကြာတွင် လန်ဒန်သို့ တစ်ကျော့ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဖူလ်ဟမ်အသင်းတွင် နှစ်ရာသီကြာ ကစားခဲ့ရာ၌ ၇၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့သည်။
ယင်းကဲ့သို့ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပယ်လင်ညာအနေဖြင့် ပြီးခဲ့သည့် နွေရာသီတွင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ကျော်ဖြင့် ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ခဲ့သော်လည်း ကြံ့ခိုင်မှုပြဿနာများကြောင့် ပုံစံကောင်းရရှိရန် ရုန်းကန်ခဲ့ရပြီး လိဂ်ပြိုင်ပွဲတွင် ၁၇ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၂၆ ပွဲသာ ကစားခွင့်ရခဲ့သည်။ (Xinhua)

၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် ပေါ်တူဂီလက်ရွေးစင်အသင်းမှ ဂျာအို ပယ်လင်ညာ (အလယ်) အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(English Version)
Palhinha moves back to London with Tottenham loan
LONDON, Aug. 4 (Xinhua) — Tottenham Hotspur has signed Portuguese international midfielder Joao Palhinha on loan from Bundesliga champion Bayern Munich, the Premier League outfit confirmed on Monday.
The north-London club announced the signing on its official website, explaining the loan contains an option to make the move permanent at the end of the 2025-26 season.
The 30-year-old returns to London just a year after joining Bayern from Fulham, where he impressed with 79 appearances and eight goals in two seasons.
That earned him a move to Bayern last summer in a deal worth just over 50 million euros, but physical problems saw him struggle for form and he was limited to just 17 league appearances and 26 in all competitions. ■
English Caption 1
Joao Palhinha (L) of Bayern Munich vies with Tom Krauss of VfL Bochum during the German first division Bundesliga football match between Bayern Munich and VfL Bochum in Munich, Germany, March 8, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Portugal’s Joao Palhinha (C) attends a training session in Al Shahhniya, Qatar, Nov. 19, 2022, ahead of Qatar 2022 World Cup. (Xinhua/Chen Cheng)