Connect with us

Asia

ဂျပန်တွင် ၄၁.၆ ဒီဂရီစင်တီဂရိတ်ဖြင့် အပူချိန်စံချိန်သစ်တင်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပူပြင်းသောနွေရာသီ၌ နေရောင်ခြည်ဒဏ်မှကာကွယ်ရန် ထီးဆောင်း၍ လမ်းလျှောက်နေသော လမ်းသွားလမ်းလာတစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဂန်းမာစီရင်စုရှိ အီဆယ်ဆာကီမြို့၌ သြဂုတ် ၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် အပူချိန် ၄၁.၆ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံ၌ အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းသည် တရားဝင်စောင့်ကြည့်လေ့လာမှု စတင်ချိန်မှစ၍ ဂျပန်နိုင်ငံအတွင်း စံချိန်တင် အမြင့်ဆုံးအပူချိန် ဖြစ်သည်ဟု သိရသည်။

ဂန်းမာနှင့် ဆာအီတာမာစီရင်စုတို့ရှိ အခြားမြို့များတွင်လည်း အပူချိန် ၄၁ ဒီဂရီအထက် မြင့်တက်ခဲ့ပြီး အပူလျှပ်ခြင်း အန္တရာယ်သတိပေးချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။

ဂျပန်မိုးလေဝသဌာနက ကန်တို-ကိုရှင်ဒေသအနှံ့တွင် အပူရှိန် စံချိန်တင်နေမည်ဟု သတိပေးထားပြီး အပြင်မထွက်ရန်၊ လေအေးပေးစက်အသုံးပြုရန်နှင့် ရေဓာတ်ပြည့်ဝနေစေရန် ဒေသခံများကို တိုက်တွန်းထားသည်။

ယခုအခါ စီရင်စုပေါင်း ၄၄ ခု၌ အပူရှိန်သတိပေးချက် ထုတ်ပြန်ထားပြီး ယခုရာသီတွင် ထုတ်ပြန်သည့် အကျယ်ပြန့်ဆုံးသတိပေးချက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………..
English Version

Record-breaking 41.6 degrees Celsius hits Japan’s Gunma

TOKYO, Aug. 5 (Xinhua) — A new national temperature record was set in Japan on Tuesday as the city of Isesaki in Gunma Prefecture hit 41.6 degrees Celsius at 2:20 p.m. local time, according to the Japan Meteorological Agency.

This marks the highest temperature ever recorded in the country since official observations began.

Other cities in Gunma and Saitama also saw temperatures soar above 41 degrees, prompting widespread heatstroke alerts.

The weather agency warns of record-setting heat across the Kanto-Koshin region, urging residents to avoid going out, use air conditioning, and stay hydrated.

A total of 44 prefectures are now under heat alerts, marking the most extensive warning issued this season. ■

English Caption

A pedestrian uses an umbrella to shield against the sun while walking on the street in a hot summer day in Tokyo, Japan, July 28, 2023. (Photo by Gu Yiping/Xinhua)