Connect with us

Africa & Middle East

ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေး ပြော

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/အမ်မန်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက် သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခုသီတင်းပတ် နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။
နေတန်ယာဟုအနေဖြင့် ဂါဇာအား အလုံးစုံ ပြန်လည်သိမ်းယူရေးနှင့် စပ်လျဉ်း၍ စဉ်းစားသုံးသပ်ရန် ဩဂုတ် ၅ ရက်၌ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မည့် အစည်းအဝေးကို ကျင်းပမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် အစ္စရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ထိုအတောအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဂျော်ဒန်၊ အီဂျစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် ကနေဒါတို့က စားနပ်ရိက္ခာများ ပါဝင်သည့် အကူအညီပစ္စည်းအထုပ်ပေါင်း ၁၂၀ အား ဂါဇာဒေသသို့ ဩဂုတ် ၄ ရက်က လေကြောင်းမှချပေးခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၄ ရက်၌ လေကြောင်းမှ အကူအညီပစ္စည်းများ ချပေးသည့် အစီအစဉ်များတွင် ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
ဂျော်ဒန်တော်ဝင်မိသားစု ပရဟိတအဖွဲ့အစည်း (JHCO) က လူသားချင်းစာနာမှု အကူအညီများကို သယ်ဆောင်လာသည့် ထရပ်ကား ၃၈ စီး ပါဝင်သော နောက်ထပ်ယာဉ်တန်းတစ်ခုမှာ ဩဂုတ် ၄ ရက်က King Hussein တံတားကိုဖြတ်၍ ဂါဇာဒေသထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အစ္စရေးဘက်က တရားဝင်အလုပ်ချိန်ကို အကြောင်းပြကာ နယ်စပ်ဂိတ်များ၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဂျော်ဒန်နိုင်ငံမှ အကူအညီပေးရေး ထရပ်ကား ၄၅၂ စီး ဂါဇာသို့ ရောက်ရှိနိုင်ရန် ကနဦး စီစဉ်ထားသော်လည်း လွန်ခဲ့သော သီတင်းနှစ်ပတ်အတွင်း ထရပ်ကား ၂၉၄ စီးသာ ရောက်ရှိခဲ့သည်ဟု JHCO အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ်-ရှက်ဘလီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ကိရိယာများ ပေးပို့မှုအား ပိတ်ပင်ထားသကဲ့သို့ ရှာဖွေစစ်ဆေးရေးနှင့် ခွင့်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာလည်း ကြန့်ကြာလျက်ရှိကြောင်း၊ ယာဉ်တန်းတစ်ခု ဂါဇာသို့ရောက်ရှိရန် ၃၈ နာရီခန့် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။
ဟားမက်စ်အဖွဲ့က ဖွင့်လှစ်ထားသော အစိုးရပြန်ကြားရေးရုံးကလည်း ဩဂုတ် ၃ ရက်တွင် ဂါဇာသို့ အကူအညီပေးရေး ထရပ်ကား အစီး ၈၀ သာ ရောက်ရှိခဲ့ပြီး အစ္စရေးက အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဇူလိုင် ၂၇ ရက်၌ စတင်ခွင့်ပြုခဲ့ပြီးနောက် ဂါဇာသို့ရောက်ရှိခဲ့သည့် စုစုပေါင်း ထရပ်ကားအရေအတွက်မှာ ၆၇၄ စီး ရှိလာခဲ့ကြောင်း၊ ထိုပမာဏမှာ ယင်းကာလတူ၌ ဂါဇာသို့ရောက်ရှိရန် လိုအပ်နေသည့် ထရပ်ကားအစီးရေ ၄,၈၀၀ ထက် များစွာနည်းပါးနေသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး လိုအပ်ချက်နှင့် ပြည့်မီရန်အတွက် ထရပ်ကားအစီးရေ ၆၀၀ ထက်မနည်း ဂါဇာသို့ နေ့စဉ်ရောက်ရှိနိုင်ရန် လိုအပ်ကြောင်း၊ အစ္စရေးအနေဖြင့် အစာရေစာ ငတ်မွတ်မှုနှင့် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်စေသည့် မူဝါဒကို ဆက်လက်ဖော်ဆောင်နေကြောင်း ယင်းကြေညာချက်၌ စွပ်စွဲထားသည်ဟု သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံဘက်ခြမ်း ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် ဂါဇာဒေသသို့ ဝင်ရောက်နိုင်ရန် အကူအညီပေးရေး ထရပ်ကားတစ်စီး စောင့်ဆိုင်းနေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Israel says to achieve war objectives in Gaza “without exception”
JERUSALEM/AMMAN, Aug. 4 (Xinhua) — Israeli Prime Minister Benjamin Netanyahu said Monday he will direct the Israeli army later this week on achieving three war objectives “without exception” in Gaza, where more deaths of starvation and malnutrition are recorded despite days of aid deliveries.
During his weekly Cabinet meeting, Netanyahu said he will convene the Security Cabinet later this week to “direct the IDF (Israel Defense Forces) how to achieve the three war objectives — all of them, without exception,” listing the goals as “defeating the enemy, releasing our hostages, and ensuring that Gaza will never again threaten Israel.”
Speaking on condition of anonymity, an Israeli official told Xinhua that Netanyahu is expected to convene a security discussion on Tuesday to deliberate “a total reoccupation” of Gaza.
Meanwhile, the Israeli military said in a statement that 120 aid packages containing food were airdropped over Gaza on Monday by the United Arab Emirates, Jordan, Egypt, Germany, Belgium, and Canada. Monday marked the first time Canada joined the airdrop operations.
The Jordan Hashemite Charity Organization (JHCO) said in a statement that its new convoy of 38 trucks, carrying humanitarian aid, crossed into Gaza via the King Hussein Bridge on Monday.
JHCO Secretary-General Hussein Al-Shebli told Xinhua that 294 Jordanian aid trucks have entered Gaza over the past two weeks, out of a planned 452, due to continued Israeli restrictions at border crossings under the pretext of official working hours.
Medical equipment and devices have been denied entry, while inspection and clearance procedures have been prolonged, he said, noting that a single convoy now takes some 38 hours to reach Gaza.
Earlier in the day, the Hamas-run government media office said in a statement that only 80 aid trucks entered Gaza on Sunday, bringing the total number of aid trucks entering the enclave since Israel’s aid entry permission on July 27 to 674, much less than the 4,800 trucks supposed to enter Gaza in the same period.
At least 600 trucks need to enter the enclave every day to meet the minimum requirements of life, it said, accusing Israel of “perpetuating a policy of starvation and chaos.”
English Caption 1
This video screenshot shows Israeli Prime Minister Benjamin Netanyahu delivering a video address on June 13, 2025. (Xinhua)
English Caption 2
An aid truck waits to enter Gaza from the Egyptian side of the Rafah border crossing on Jan. 19, 2025. (Xinhua/Ahmed Gomaa)