Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၅ ခုနှစ်တွင် နှေးကွေးဖွယ်ရှိဟု ခန့်မှန်းထား

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ စက်ရုံတစ်ရုံ၌ အဝတ်အထည်များချုပ်လုပ်နေကြသော အထည်ချုပ်အလုပ်သမားများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခင်နှစ်က ၆ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ နှေးကွေးမည်ဟု ခန့်မှန်းထားကြောင်း ASEAN+3 Macroeconomic Research Office (AMRO) ၏ သြဂုတ် ၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဝန်ဆောင်မှုကဏ္ဍတွင် ဆက်လက်အားကောင်းနေသော်လည်း အိမ်ခြံမြေလုပ်ငန်းများ ကျဆင်းမှုနှင့် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်များ၏ သက်ရောက်မှုကြောင့် ကမ္ဘောဒီယားစီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းဘဏ္ဍာရေးကဏ္ဍအတွင်း ပေါ်ပေါက်လာသော စိန်ခေါ်မှုများနှင့်အတူ အဓိကအားဖြင့် ပြင်ပအကြောင်းအရာများကြောင့် မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

“အမေရိကန်နှင့် အရေးပါသော တင်ပို့ကုန်ထိတွေ့ပတ်သက်မှုကို ထောက်ဆလျှင် ကမ္ဘောဒီးယား၏ တိုးတက်မှုအလားအလာက စည်းကြပ်ခွန်များ၊ စားသုံးသူ ဈေးနှုန်းပြောင်းလဲနိုင်မှု၊ မမျှော်လင့်ထားသော အကျိုးဆက်များ၏ နောက်ဆုံးဖြစ်လာနိုင်သည့် အတိုင်းအတာအပေါ် အလွန်အကဲဆတ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၄.၇ ရာခိုင်နှုန်းသို့ နှေးကွေးမည်ဟု ခန့်မှန်းထားကြောင်း” ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

အရှေ့တောင်အာရှနိုင်ငံ ကမ္ဘောဒီးယား၏ စီးပွားရေးသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားလာရေးပစ္စည်းများ တင်ပို့မှုများ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးတို့အပေါ် အဓိကအားဖြင့် တည်မှီနေသည်။

အမေရိကန်၏ အပြန်အလှန် အခွန်စည်းကြပ်မှုနှင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုတို့က စီးပွားရေးတိုးတက်မှုအပေါ် အကန့်အသတ်ဖြင့် သက်ရောက်မှုရှိနေဆဲဖြစ်သောကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တိုးတက်မှုနှုန်း ၅.၉ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအမျိုးသားဘဏ် (NBC) ၏ အုပ်ချုပ်ရေးမှူး Chea Serey ကလည်း ပြောကြားခဲ့ကြောင်း သြဂုတ် ၄ ရက်တွင် NBC ၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

“သက်ရောက်မှုဟာ ၂၀၂၅ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဖြစ်နိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)

Cambodia’s economy projected to slow down in 2025

PHNOM PENH, Aug. 5 (Xinhua) — Cambodia’s economy is forecast to slow to 5.2 percent in 2025 from 6 percent in the year before, said an ASEAN+3 Macroeconomic Research Office (AMRO)’s press release on Tuesday.

The slowdown was due to the impact of U.S. tariffs and subdued real estate activity, despite continued strength in the services sector, the press release said.

Cambodia’s economy faces increased uncertainties, mainly driven by external factors, alongside emerging challenges within the domestic financial sector, it said.

“Cambodia’s growth outlook is highly sensitive to the eventual magnitude of the tariffs, consumer price elasticity, and spillover effects, given the country’s significant export exposure to the U.S.,” the press release said.

“Growth is expected to slow to 5.2 percent in 2025 and 4.7 percent in 2026,” it added.

The Southeast Asian country’s economy heavily relies on garment, footwear, and travel goods exports, tourism, agriculture, and real estate and construction.

Chea Serey, governor of the National Bank of Cambodia (NBC), said in an NBC’s biannual report on Monday that Cambodia’s economy achieved a growth rate of 5.9 percent in the first half of 2025, as the U.S. reciprocal tariffs and the Cambodia-Thailand border dispute still had a limited impact on the growth.

“The impact may occur in the second half of 2025,” she said. ■

English Caption

Garment workers make clothes at a factory in Phnom Penh, Cambodia on Dec. 17, 2021. (Xinhua/Wu Changwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.