International Organizations
၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲတွင် ကျား၊မ ပြိုင်ပွဲနှစ်ခုစလုံး၌ အသင်း ၆၄ သင်းစီ တိုးချဲ့ပါဝင်သွားမည်

ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် World Team Table Tennis Championships Finals ပြိုင်ပွဲ၌ ကျား၊မ ပြိုင်ပွဲနှစ်ခုစလုံးတွင် အသင်း ၆၄ သင်းစီ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) က ဩဂုတ် ၅ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
လန်ဒန်မြို့တွင် ၁၉၂၆ ခုနှစ်၌ ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပမှုနှင့် ယင်းနှစ်မှာပင် ITTF အား ထူထောင်မှု ရာပြည့်အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲအား တိုးချဲ့ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ပြိုင်ပွဲများတွင် အသင်း ၄၀ ပါဝင်ယှဉ်ပြိုင်သည့် စနစ်မှ ယခုကဲ့သို့ တိုးချဲ့ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအစီအစဉ်အရ Copper Box Arena အားကစားကွင်း၌ အဖွင့်ပွဲစဉ်များကို ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်မှ မေ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ထို့နောက် ဝင်ဘလေ အားကစားကွင်း၌ မေ ၂ ရက်မှ ၁၀ ရက်အထိ ပြောင်းရွှေ့ကျင်းပသွားမည်ဟု သိရသည်။
ကျား၊မ ပြိုင်ပွဲနှစ်ခုစလုံးတွင် အသင်း ၆၄ သင်းအား လေးသင်းစီပါဝင်သော အုပ်စု ၁၆ ခုစီခွဲကာ အုပ်စုတစ်အုပ်စုစီမှာ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသင်းတစ်သင်းလျှင် သုံးပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါ အုပ်စု ၁၆ ခုအနက် အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ခုနစ်သင်းနှင့် အိမ်ရှင်အသင်းတို့ ပါဝင်သည့် ဦးစားပေးအုပ်စုနှစ်ခု ပါဝင်မည်ဖြစ်ကာ ထိုအသင်း ရှစ်သင်းစလုံးမှာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ အလိုအလျောက် တက်ရောက်နိုင်မည်ဖြစ်ပြီး ပွဲရလဒ်များမှာမူ ရှုံးထွက်အဆင့်အတွက် ဆီဒင်သတ်မှတ်ချက်များကို ဆုံးဖြတ်ရန်အတွက်သာ အသုံးပြုမည်ဟု သိရသည်။
ထို့အတူ အခြားအုပ်စုများမှ အုပ်စုဗိုလ်အသင်းများနှင့် ပြိုင်ပွဲရလဒ်များအပေါ် အခြေခံကာ ရွေးချယ်မည့် အကောင်းဆုံးဒုတိယအသင်း ခြောက်သင်းမှာလည်း နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်သည်။
ကျန်ရှိသည့် အုပ်စုဒုတိယ ရှစ်သင်းမှာမူ ပဏာမ ရှုံးထွက်အဆင့်ကို ကျော်ဖြတ်ရမည်ဖြစ်ကာ အနိုင်ရရှိသည့် အသင်းလေးသင်းမှာ ၃၂ သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲအား မေ ၉ ရက်၌ ကျင်းပရန် စီစဉ်ထားပြီး အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲကိုမူ မေ ၁၀ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
2026 table tennis team worlds expand to 64 teams per gender
BEIJING, Aug. 5 (Xinhua) — The 2026 World Team Table Tennis Championships Finals in London will feature 64 teams each in the men’s and women’s events, the International Table Tennis Federation (ITTF) announced on Tuesday.
The expanded format marks the centenary of both the first table tennis world championships, held in London in 1926, and the founding of the ITTF the same year. The tournament will grow from the 40-team format used in recent editions.
According to the schedule, the Copper Box Arena will stage the opening rounds from April 28 to May 1, 2026. Competition will then move to Wembley Arena from May 2 to 10.
The 64 teams in each event will be drawn into 16 groups of four. Each group will play a round robin, with three matches per team.
Among the 16 groups are two elite ones which are composed of the top seven ranked teams and the host nation. All eight teams will advance to the 32-team knock-out stage automatically, with results only used to determine seedings for the elimination stage.
Top finishers from the other groups will progress directly, along with six of the best second-placed teams based on match records.
The remaining eight second-placed teams will contest a preliminary knockout round, with the four winners completing the 32-team list.
The women’s team final is scheduled for May 9, followed by the men’s team final on May 10. ■
English Caption
Members of both teams take photos after the men’s teams group 1 match between China and the United States at the 2022 ITTF World Team Table Tennis Championships Finals in Chengdu, southwest China’s Sichuan Province, Oct. 2, 2022. (Xinhua/Liu Xu)