International Organizations
အာဆင်နယ်နှင့် အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်ကစားသမားဟောင်း ပါတေး မုဒိမ်းမှုစွဲချက်များအတွက် အာမခံရ

လန်ဒန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
မုဒိမ်းမှုငါးမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်မှုတို့နှင့်ရင်ဆိုင်နေရသည့် အာဆင်နယ်နှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့၏ ကွင်းလယ်ကစားသမားဟောင်း သောမတ်စ် ပါတေးသည် သြဂုတ် ၅ ရက်တွင် လန်ဒန်ရှိ Westminster Magistrates တရားရုံး၌ ထွက်ဆိုခဲ့ပြီးနောက် အာမခံရခဲ့ကြောင်း သိရသည်။
အမျိုးသမီးနှစ်ဦးနှင့် ဆက်စပ်နေသော မုဒိမ်းမှုငါးမှုနှင့် အခြားအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှုတို့ဖြင့် သောမတ်စ် ပါတေး စွပ်စွဲခံထားရခြင်းဖြစ်သည်။ အာဆင်နယ်အသင်းတွင် သောမတ်စ်ပါတေး ကစားခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အကြား အဆိုပါအမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စွဲချက်များက ဖော်ပြခဲ့သည်။ ဂါနာလက်ရွေးစင်ကစားသမားလည်းဖြစ်သူ ပါတေးသည် ဇွန်လကုန်တွင် ၎င်း၏စာချုပ်သက်တမ်းကုန်ဆုံးချိန်၌ အာဆင်နယ်အသင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ထွက်ဆိုမှုသည် ၁၅ မိနစ်ဝန်းကျင်ကြာခဲ့ပြီး အမှုကို ကြားနာစစ်ဆေးရန်အတွက် Crown Court တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ယခုအခါ စွဲချက်များအား ငြင်းဆိုထားသော ပါတေးက စက်တင်ဘာ ၂ ရက်တွင် Old Bailey တရားရုံး၌ ထွက်ဆိုရတော့မည် ဖြစ်သည်။
အသက် ၃၂ နှစ်ရှိ ကွင်းလယ်ကစားသမား ပါတေးသည် ၎င်းအား ၁၂ လစာချုပ် ကမ်းလှမ်းထားဖွယ်ရှိသည့် ဗီလာရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသော်လည်း လက်ရှိအချိန်တွင်မူ အသင်းမရှိသေးကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Former Arsenal, Atletico Madrid midfielder Partey bailed on rape charges
LONDON, Aug. 5 (Xinhua) — Former Arsenal and Atletico Madrid midfielder Thomas Partey was on Tuesday granted conditional bail after appearing at Westminster Magistrates’ Court in London to face five cases of rape and one of sexual assault.
Two of the rape cases are related to one woman and three more with another, with the alleged sexual assault involving a third. They allegedly took place between 2021 and 2022 when the Ghana international was playing for Arsenal, which he left when his contract expired at the end of June.
The appearance lasted around 15 minutes, with the case transferred to the Crown Court for trial.
Partey, who denies the charges, will now have to appear at the Old Bailey court on September 2.
The 32-year-old is currently without a club, although he seems set to join La Liga side Villarreal, which is believed to have offered the midfielder a 12-month contract. ■
English Caption
Arsenal’s Thomas Partey celebrates scoring during the English Premier League match between Arsenal and Nottingham Forest in London, Britain, on Nov. 23, 2024. (Xinhua)