Connect with us

Asia

ကမ္ဘောဒီးယားအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟု ထိုင်းယာယီဝန်ကြီးချုပ် ပြော

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီးရှိ နေရာတစ်ခု၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က ထိုင်းစစ်တပ်နှင့် ကမ္ဘောဒီးယားစစ်တပ် တပ်မှူးများ ဆွေးနွေးပွဲပြုလုပ်နေပုံကို ထိုင်းတော်ဝင်တပ်မတော်က ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- Royal Thai Armed Forces/Handout via Xinhua)

ဘန်ကောက်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံအား ပြည်တွင်းနှင့် နိုင်ငံတကာတွင် ရာဇဝတ်မှုနှင့် တရားမမှုဆိုင်ရာ တရားစွဲဆိုမှုများ စတင်လုပ်ဆောင်ရန်အတွက် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ဆင်ထားရန် သက်ဆိုင်ရာဌာန အသီးသီးအား ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဖွမ်ထမ် ဝီချာယာချိုင်းက ညွှန်ကြားထားသည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆက်ဘ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအနေဖြင့် စစ်အင်အားနှင့် စစ်လက်နက်များအသုံးပြုကာ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်ခဲ့ပြီး ထိုင်းအရပ်သားများနှင့် တပ်ဖွဲ့ဝင်များအကြား အသက်အိုးအိမ်စည်းစိမ်တို့ကို အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေသည့်အတွက် ကမ္ဘောဒီးယားအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ရည်ရွယ်လျက် ဩဂုတ် ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယင်းညွှန်ကြားချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုအား ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရုံးက ဦးဆောင်သွားမည်ဖြစ်ကာ ထိုင်းစစ်တပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အခြားသော သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တရားစွဲဆိုခြင်းနှင့် နစ်နာကြေး တောင်းခံမှုများကို အမြန်ဆုံးလုပ်ဆောင်နိုင်ရေးအတွက် ပါဝင်ပတ်သက်နေသည့် တပ်မှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား အရေးယူဆောင်ရွက်ရာ၌ နိုင်ငံတော်ကောင်စီရုံး အထွေထွေအတွင်းရေးမှူးချုပ်က ဥပဒေဆိုင်ရာ အကြံဉာဏ်ပေးမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။
ထိုင်းအစိုးရဌာနများအနေဖြင့် ကမ္ဘောဒီးယားစစ်တပ်က ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော ခဲယမ်းအကြွင်းအကျန်များကို ရှင်းလင်းခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကို စုံစမ်းစစ်ဆေးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ အရပ်သားများ ဘေးကင်းလုံခြုံစွာ နေရပ်ဌာ‌နေ ပြန်နိုင်ရေးအတွက် အကူအညီပေးခြင်း အပါအဝင် ပြည်တွင်း၌ ကိုင်တွယ်ဆောင်ရွက်စရာ တာဝန်အများအပြား ကျန်ရှိနေသေးကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Legal action to be taken against Cambodia: Thai acting PM
BANGKOK, Aug. 6 (Xinhua) — Thai acting Prime Minister Phumtham Wechayachai has ordered relevant departments to draft legal documents to initiate criminal and civil lawsuits domestically and internationally against Cambodia, Thai government spokesman Jirayu Houngsub said on Tuesday.
The order was issued during a cabinet meeting on Tuesday, aiming to take legal action against Cambodia for using military force and weapons to violate Thailand’s sovereignty, resulting in significant loss of life and property among Thai civilians and military personnel.
According to the government spokesman, the Office of the National Security Council of Thailand will lead the legal action, while coordinating with other related departments, including the Thai army, the Ministry of Interior, and the Ministry of Public Health.
The secretary-general of the Office of the Council of State will provide legal advice for prosecuting the involved commanders and responsible persons to file the lawsuits and claim compensation as soon as possible.
Jirayu noted that several tasks remain for Thai agencies to address domestically, including clearing unexploded ordnance fired by Cambodian forces, investigating and handling unauthorized drone incursions, and assisting civilians in safely returning home. ■
English Caption
This photo provided by the Royal Thai Armed Forces shows commanders of the Thai and Cambodian armies holding a meeting in a location near the Thailand-Cambodia border on July 29, 2025. (Royal Thai Armed Forces/Handout via Xinhua)