Asia
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ၂၀၂၅ ခုနှစ် ပထမ ၇ လတာအတွင်း နိုင်ငံတကာခရီးသွား ၄ သန်းကျော် ဝင်ရောက်

ဂျကာတာ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်းခရီးသွားနေရာဖြစ်သည့် ဘာလီကျွန်းသို့ ယမန်နှစ် ဇန်နဝါရီမှ ဇူလိုင်အထိ နိုင်ငံခြားခရီးသွားဧည့်သည် ၃.၈၉ သန်းဝင်ရောက်ခဲ့ရာမှ ယခုနှစ် အလားတူကာလတွင် မြင့်တက်လာခဲ့ကာ လေးသန်းကျော် လာရောက်လည်ပတ်ခဲ့သည်ဟု ဘာလီပြည်နယ်ဆိုင်ရာ ခရီးသွားလုပ်ငန်းရုံးအကြီးအကဲ အီဝါယန် ဆူမာရာဂျာယာက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအလားတူကာလအတွင်း၌ပင် ဘာလီကျွန်းသို့ ပြည်တွင်းခရီး သွားဧည့်သည်ဦးရေ ၅ သန်းအထိ ရောက်ရှိခဲ့ကြောင်း ၎င်းက ဘာလီပြည်နယ် မြို့တော်ဒန်ပါဆာတွင် ပြောကြားခဲ့သည်။
“၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ဘာလီသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၄ သန်းကျော်ရှိပြီး ပြည်တွင်းခရီးသွားဧည့်သည် ၅ သန်း စံချိန်တင်ခဲ့ပါတယ်” ဟု ဆူမာရာဂျာယာက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဘာလီကျွန်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက်သည် ယမန်နှစ်၏ ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက် ၆.၄ သန်းကို ကျော်လွန်မည်ဟု ၎င်းက ခန့်မှန်းထားသည်။
ဘာလီကျွန်း၏ ယဉ်ကျေးမှုကွဲပြားမှုနှင့် သဘာဝအလှတရားများက ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကဆွဲဆောင်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်ဟုလည်း ဆူမာရာဂျာယာက မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Indonesia’s Bali sees over 4 mln int’l tourists in first 7 months 2025
JAKARTA, Aug. 6 (Xinhua) — More than four million foreign tourists visited Indonesia’s Bali Island, the country’s premier tourism destination, from January to July this year, up from 3.89 million in the same period last year, head of the Bali Provincial Tourism Office, I Wayan Sumarajaya, said on Tuesday.
During the same period, the number of domestic visitors to the island reached 5 million, he said in Denpasar, the provincial capital of Bali.
“From January to July 2025, foreign tourist arrivals to Bali have exceeded 4 million, while domestic visitors recorded 5 million,” Sumarajaya said.
He expressed optimism that the total number of visitors to Bali this year would surpass last year’s figure of 6.4 million.
Bali’s cultural diversity and natural beauty remain among the island’s main draws for tourists, Sumarajaya noted. ■
English Caption
People are seen at an exit of Bali Denpasar Ngurah Rai International Airport in Bali, a famous tourist destination of Indonesia, Nov. 9, 2022. (Xinhua/Xu Qin)