Asia
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နာနတ်သီးတန်ချိန် ၄၀,၀၀၀ ကျော် တင်ပို့နိုင်ဖို့ ရည်ရွယ်

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နာနတ်သီးတန်ချိန် ၄၀,၀၀၀ ကျော် နိုင်ငံခြားတင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း သြဂုတ် ၅ ရက်က နိုင်ငံပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၌ တရုတ်၊ ထိုင်းနှင့် သီရိလင်္ကာ နိုင်ငံများမှ နည်းပညာများ အသုံးပြုပြီး နာနတ်သီးများ စိုက်ပျိုးသော ပြည်တွင်းထွက် ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အထ (ဂျီအေပီ) စိုက်ခင်းများနှင့် သဘာဝစိုက်ခင်း ဟူ၍ စိုက်ခင်းပုံစံနှစ်မျိုးရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့၌ နာနတ်သီး အဓိကစိုက်ပျိုးလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယခင်ကာလများက နာနတ်သီးကို ပြည်တွင်းစားသုံးမှုအတွက်သာ အဓိကထား စိုက်ပျိုးခဲ့ရာမှ ယခုအခါတွင်မူ နိုင်ငံခြားတင်ပို့မှုအတွက်ပါစိုက်ပျိုးလျက်ရှိကြောင်းလည်း သိရသည်။ (Xinhua)
…………………..
(English Version)
Myanmar aims to export over 40,000 tons of pineapples in 2025-26 FY
Source: XinhuaEditor: huaxia2025-08-05 18:45:15
YANGON, Aug. 5 (Xinhua) — Myanmar aims to export over 40,000 tons of pineapples in the 2025-26 fiscal year, the state-owned Myanmar Radio and Television reported on Tuesday.
In Myanmar, there are two types of farms, organic farm and local GAP (Good Agricultural Practices) farm, which grow pineapples using technology from China, Thailand, and Sri Lanka, the report said.
Shan and Kachin states are the main pineapple-growing areas, it said.
In the past, pineapples were grown mainly for local consumption, but now they are also cultivated for export, it added. ■
Photo: An aerial drone photo taken on July 25, 2025 shows a local pineapple wholesale market in Tangail, Bangladesh. (Photo by Habibur Rahman/Xinhua)