Europe
Movistar အသင်းမှ စပိန်စက်ဘီးစီးအားကစားသမား အန်းရစ်မက်စ် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်

မက်ဒရစ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
စပိန်စက်ဘီးစီးအားကစားသမား အန်းရစ်မက်စ်သည် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူသွားရပြီဟု ၎င်း၏ အသင်း Movistar က သြဂုတ် ၅ ရက်၌ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
အသက် ၃၀ နှစ်ရှိပြီဖြစ်သော အဆိုပါ စက်ဘီးစီးအားကစားသမားသည် ယမန်နှစ်က Tour of Spain ပြိုင်ပွဲတွင် တတိယရခဲ့သလို ၂၀၂၂ ခုနှစ်၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ပြိုင်ပွဲများတွင်လည်း ဒုတိယရခဲ့သူဖြစ်ပြီး ကာယပိုင်းဆိုင်ရာပြဿနာများကြောင့် ယခုနှစ် Tour de France စက်ဘီးစီးပြိုင်ပွဲ၏အဆင့် ၁၈ ရောက်နေချိန်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်တော့ခြင်းမရှိဘဲ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
ယခုရာသီအစတွင် စက်ဘီးမှောက်ရာမှရရှိခဲ့ဖွယ်ရှိသည့် ဘယ်ဘက်ခြေထောက် သွေးပြန် ကြောနံရံရောင်ရမ်းခြင်းကြောင့် အန်းရစ်မက်စ်အနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း မည်သည့်ပြိုင်ပွဲတွင်မှ ဆက်လက်ကစားနိုင်တော့မည်မဟုတ်ဟု Movistar အသင်းက အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီလို ဒဏ်ရာအမျိုးအစားက သေသေချာချာအနားယူရင်း အထူးကုသရမှာဖြစ်သလို ပြင်းထန်တဲ့ ကာယလေ့ကျင့်မှုတွေ မလုပ်ဖို့လည်း လိုအပ်တာကြောင့် လက်ကျန်ရာသီတစ်လျှောက်လုံး ဘယ်ပြိုင်ပွဲကိုမှ အန်းရစ်မက်စ် ပါဝင်ယှဥ်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူး”ဟုလည်း Movistar အသင်းက ရှင်းလင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
………………………..
(English Version)
Movistar cyclist Enric Mas out for season with injury
MADRID, Aug. 5 (Xinhua) — Spanish cyclist Enric Mas has said goodbye to the season due to injury, his Movistar Team confirmed on Tuesday.
The 30-year-old, who finished third in last year’s Tour of Spain and second in 2022, 2021 and 2018, was forced to pull out of this year’s Tour de France in the 18th stage due to his physical problems.
Movistar confirmed he will not race again in 2025 due to a thrombophlebitis in his left leg, which the team believes could have its origin in a fall earlier this season.
“This diagnosis requires a specific treatment based on rest and the absence of intense physical activity, which makes him participation in competitions for the rest of the season impossible,” explains the team.