International Organizations
ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆို အဖြေရှာရမည့် တိုက်စစ်ပိုင်းအတွက် ပုစ္ဆာများ

မက်ဒရစ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ် ကစားသမားများအနေဖြင့် လာလီဂါ ရာသီအဖွင့်ပွဲစဉ်အတွက် ပြင်ဆင်ရန် သီတင်းနှစ်ပတ်သာ အချိန်ရရှိထားချိန်တွင် ဩဂုတ် ၄ ရက်၌ ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ဩဂုတ် ၅ ရက်၌ လေ့ကျင့်ခန်း အစီအစဉ်များကို ပြန်လည်စတင်မည်ဖြစ်သည်။ နည်းပြ ဇာဗီအလွန်ဆိုအနေဖြင့်လည်း အသင်း၏ တိုက်စစ်ကစားသမားများအနက် မည်သူအား အသင်း၌ဆက်လက်ထိန်းထားကာ မည်သူအား ထွက်ခွာခွင့်ပြုမည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
ပွဲဦးထွက် ရာသီ၌ လာလီဂါနှင့် ချန်ပီယံလိဂ်တွင် ၃၈ ဂိုး သွင်းယူနိုင်ခဲ့သည့် ကီလီယန် အမ်ဘာပေက အသင်း၏ တိုက်စစ်အား ဦးဆောင်ကစားမည်မှာ သေချာနေပြီး အဓိက မေးခွန်းထုတ်စရာမှာ ၎င်းအား မည်သူနှင့် တွဲဖက်ကစားစေမည်နည်းဆိုသည့် အချက်ပင်ဖြစ်သည်။
ယင်းအတွက် ဗင်နီစီယက်စ် ဂျူနီယာမှာ သင့်လျော်သည့် ရွေးချယ်မှု ဖြစ်ပုံရသော်လည်း အဆိုပါ ကစားသမားနှစ်ဦးစလုံးမှာ ဘယ်ခြမ်းတွင် နေရာယူ၍ အမြန်နှုန်းဖြင့် အတွင်းသို့ချိုးဝင်ကာ ထိုးဖောက်ကစားရသည်ကို ပိုမိုအားသန်လေ့ရှိသည်။ ဘရာဇီးသားဖြစ်သူ ဗင်နီစီယက်စ်မှာ အသင်း၏ အဓိက ကစားသမားများထဲမှ တစ်ဦးဖြစ်သော်လည်း လတ်တလောတွင် စာချုပ်သစ်အတွက် ဆွေးနွေးနေဆဲဖြစ်ကာ မကြာသေးမီ သီတင်းပတ်များ၌ ဆွေးနွေးမှုများ ကြန့်ကြာနေခဲ့သည်။ ၎င်းအနေဖြင့် အသင်း၌ လစာအများဆုံး ကစားသမားဖြစ်လာရန် တောင်းဆိုထားသည့်အတွက် ယင်းကဲ့သို့ နှောင့်နှေးနေခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။
ဗင်နီစီယက်စ်အား ဆော်ဒီဘက်မှ ကမ်းလှမ်းမည်ဟူသော မှန်းဆမှုများ ရှိနေသော်လည်း လတ်တလောတွင် လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသေးသလို ၎င်း၏ စာချုပ်ကိစ္စနှင့် ပတ်သက်၍လည်း အပြီးသတ်ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ကွင်းအတွင်း အခြေအနေအရလည်း ဗင်နီစီယက်စ်မှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး နည်းပြအလွန်ဆိုက ၎င်း၏တိုက်စစ်ကစားသမားများထံမှ အလိုရှိနေသော high press ကစားဟန်ကိုလည်း ၎င်းအနေဖြင့် တစ်သမတ်တည်း ကစားပြနိုင်ခြင်း မရှိသေးပေ။
တစ်ဖက်တွင်မူ အသက် ၂၁ နှစ်အရွယ် ဂွန်ဇာလို ဂါစီယာမှာ ကလပ်ကမ္ဘာ့ဖလား၌ ခြေစွမ်းပြကစားနိုင်ခဲ့သည်။ ဂွန်ဇာလိုမှာ ထိုစဉ်က နာမကျန်းဖြစ်နေသည့် အမ်ဘာပေ၏ နေရာအတွက် အစားထိုးရန် ရီးရဲလ်မက်ဒရစ် B အသင်းမှ ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ကာ ယင်းပြိုင်ပွဲ၌ လေးဂိုးသွင်းယူနိုင်ခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့သည်။ ပိုမိုသမားရိုးကျဆန်သော အထောင်တိုက်စစ်မှူးဖြစ်သည့် ဂွန်ဇာလိုမှာ အမြန်နှုန်းကို အားပြုကစားလေ့ရှိသည့် ဗင်နီစီယက်စ်၊ အမ်ဘာပေ၊ ရိုဒရီဂိုတို့နှင့် ကစားပေါက်မတူသည့် နောက်ထပ် ရွေးချယ်စရာတစ်ခုဖြစ်သလို အလွန်ဆို၏ နည်းစနစ်ပိုင်းအရ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန် ဆန္ဒရှိကြောင်းကိုလည်း ပြသခဲ့ပြီးဖြစ်သည်။ စပိန်ပြည်တွင်းကလပ် ဂီတာဖေးအသင်းက ၎င်းအား အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၎င်းအနေဖြင့် မက်ဒရစ်၌သာ ဆက်နေဖွယ်ရှိသည်။
ထို့အတူ ရိုဒရီဂို၏ အခန်းကဏ္ဍမှာလည်း ပို၍ပင် မရေမရာဖြစ်လာခဲ့သည်။ ၎င်းမှာ ကလပ်ကမ္ဘာ့ဖလားတွင် ၉၂ မိနစ်သာ ကစားခွင့်ရခဲ့ပြီး ဦးစားပေးရွေးချယ်မှု အစီအစဉ်အရ အမ်ဘာပေ၊ ဗင်နီစီယက်စ်တို့၏နောက်တွင်သာ ရှိနေသည်။ လီဗာပူးလ်၊ အာဆင်နယ်နှင့် တော့တင်ဟမ်အသင်းတို့က ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းထွက်ပေါ်လျက်ရှိပြီး တော့တင်ဟမ်က ၎င်းအား ဆွန်ဟောင်မင်၏ နေရာတွင် အစားထိုးမည့် ကစားသမားအဖြစ် ရှုမြင်လျက်ရှိသည်။ ရိုဒရီဂိုက မက်ဒရစ်၌သာ ဆက်နေလိုပြီး အသင်း၌ နေရာတစ်နေရာ ရရှိရန် ယှဉ်ပြိုင်သွားမည်ဟု ပြောဆိုထားသော်လည်း အသင်းပြောင်းရွှေ့နိုင်ခြေ ရှိနေဆဲဖြစ်သည်။
ဘရာဇီး ဆယ်ကျော်သက်ကစားသမား အန်းဒရစ်ခ်မှာလည်း ပြီးခဲ့သည့်နွေရာသီတွင် အသင်းသို့ ရောက်ရှိလာပြီးနောက် စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ငါးဂိုးသွင်းယူခဲ့သလို ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာ ရရှိထားသူဖြစ်သည်။ သို့သော် အမ်ဘာပေ၊ ဗင်နီစီယက်စ်၊ ရိုဒရီဂိုတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် လာလီဂါနှင့် ချန်ပီယံလိဂ်တွင် နေရာရရှိရန် အခွင့်အလမ်း နည်းပါးလျက်ရှိသည်။
ထိုစဉ် ဂွန်ဇာလိုမှာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် အသင်းအနေဖြင့် အန်းဒရစ်ခ်အား ပုံမှန်ပွဲကစားချိန် ရရှိစေရန်အတွက် အငှားချရန် ဆုံးဖြတ်သွားဖွယ်ရှိသည်။ သို့ဖြစ်၍ မက်ဒရစ်အနေဖြင့် လာမည့်ရာသီတွင် ဂွန်ဇာလို သို့မဟုတ် အန်းဒရစ်ခ် မည်သူ့ကို အသင်း၌ ဆက်ထိန်းထားမည် ဆိုသည်ကို ဆုံးဖြတ်ရဖွယ်ရှိနေပြီဖြစ်သည်။ (Xinhua)
………………..
(English Version)
Forward questions for Alonso to resolve as Real Madrid returns to work
MADRID, Aug. 5 (Xinhua) — After the squad reported for medical tests on Monday, Real Madrid will begin training on Tuesday with two weeks to prepare for its La Liga season opener. Coach Xabi Alonso will need to decide which forwards will remain in the squad and who may leave.
Kylian Mbappe, who scored 38 goals in La Liga and the Champions League in his debut season, is certain to lead the attack. The main question is who will partner him.
Vinicius Jr. appears the likely choice, although both players prefer to operate in similar positions on the left, cutting inside at pace. The Brazilian is one of the club’s key players but is currently in contract negotiations, which have stalled in recent weeks. Reports suggest the delay is linked to his request to become the highest-paid player in the squad.
There has been no recent movement regarding speculation of an offer from Saudi Arabia for Vinicius. His contract situation remains unresolved. On the pitch, he struggled for form at the Club World Cup and was unable to consistently apply the high press Alonso requires from his forwards.
By contrast, 21-year-old Gonzalo Garcia impressed in that tournament. Drafted in from the club’s B team to replace an ill Mbappe, he finished as the top scorer with four goals and one assist. A more traditional target forward, Gonzalo offers a different option to the pace-based styles of Vinicius, Mbappe and Rodrygo, and has shown a willingness to follow Alonso’s tactical instructions. Local side Getafe are interested in signing him on loan, though he could stay at Madrid.
Rodrygo’s role is less certain. He played only 92 minutes in the Club World Cup and remains behind Mbappe and Vinicius in the pecking order. Liverpool, Arsenal and Tottenham Hotspur are reportedly interested, with Tottenham viewing him as a potential replacement for Son Heung-min. While Rodrygo has expressed a desire to stay and compete for a place, a transfer remains possible.
Brazilian teenager Endrick arrived last summer with a strong reputation and scored five goals in the Copa del Rey. However, competition from Mbappe, Vinicius and Rodrygo limited his opportunities in La Liga and the Champions League.
With Gonzalo emerging as another attacking option, the club may consider loaning Endrick out for regular playing time. Any such decision is likely to come down to whether Madrid retains Gonzalo or Endrick for the coming season.
English Caption
Xabi Alonso, head coach of Real Madrid, attends a training session in Florida on June 17, 2025, ahead of the Club World Cup 2025 football match between Spain’s Real Madrid and Saudi Arabia’s Al Hilal. (Xinhua/Huang Zongzhi)