Europe
ကယ်လီဖိုးနီးယားအလယ်ပိုင်း အဆောက်အအုံရာနှင့်ချီ တောမီးအန္တရာယ်ရှိနေ

လော့အိန်ဂျလိစ်၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)
လျင်မြန်စွာရွေ့လျားပျံ့နှံ့လျက်ရှိသည့် တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းတွင် ၅ ရက်မပြည့်မီ အတောအတွင်း မြေဧကပေါင်း ၈၂,၀၀၀ ကျော် (၃၃၂ စတုရန်းကီလိုမီတာခန့်) မီးသင့်ခဲ့ပြီး ရာနှင့်ချီသော အဆောက်အအုံများ တောမီးအန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း တာဝန်ရှိသူများက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သစ်တောဌာနနှင့် ကယ်လီဖိုးနီးယားသစ်တောနှင့်မီးဘေးကာကွယ်ရေးဌာနတို့ အဆိုအရ Gifford Fire ဟုအမည်ပေးထားသည့် အဆိုပါတောမီးသည် သြဂုတ် ၁ ရက် နေ့လယ်အချိန်တွင် ကယ်လီဖိုးနီးယား အဝေးပြေးလမ်းမကြီးတစ်လျှောက် မတူညီသည့်နေရာလေးခုတွင် တောက်လောင်မှုဖြစ်ပွားခဲ့ကာ တောမီးတစ်ခုအဖြစ်ရောက်ရှိပြီး လက်ရှိအချိန်တွင် San Luis Obispo နှင့် Santa Barbara ခရိုင်နှစ်ခုစလုံး၏ Santa Lucia လမ်းမကြီးတွင် လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။
မီးတောက်များက အဆောက်အအုံ ၈၇၀ လုံးကျော်ကို ခြိမ်းခြောက်လျက်ရှိနေပြီး သြဂုတ် ၅ ရက် နံနက်ပိုင်းအထိ တောမီး၏ ခုနစ်ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်သေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မီးသတ်ဦးစီးဌာနက Santa Barbara နှင့် San Luis Obispo ခရိုင်များတွင် နေထိုင်သူများကို ချက်ချင်း ဘေးကင်းရာပြောင်းရွေ့ရန် အမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။
“စိတ်မချရသောမီးလောင်မှုသဘောသဘာဝကြောင့် ဒေသခံများအနေဖြင့် မိမိတို့ဒေသအတွင်းပြောင်းလဲနေသည့် အခြေအနေများကို စောင့်ကြည့်သင့်ကြောင်း” အမေရိကန်သစ်တောဌာန တာဝန်ရှိသူများက သတိပေးပြောကြားသည်။
အဆိုပါဒေသသည် ပူပြင်းခြောက်သွေ့သောကြောင့် လာမည့် သီတင်းပတ်ကုန်ရက်များအထိ တောမီးဆက်လက် လောင်ကျွမ်းဦးမည်ဟု မျှော်လင့်ရကြောင်းနှင့် မီးသတ်သမားများအနေဖြင့် မြောက်ဘက်နှင့် တောင်ဘက် တစ်ဖက်တစ်ချက်စီတို့တွင် အရေးပေါ်စည်းများ ဆက်လက် ပြုလုပ်ရဦးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထပ်မံ ပြောကြားခဲ့သည်။
တောမီးလောင်ကျွမ်းမှုအတွက် အမှုထမ်း ၁,၉၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့ပေါင်း ၄၀ ကျော်နှင့် မီးသတ်ကား ၁၁၅ စီး၊ ဘူဒိုဇာ ၂၃ စီး၊ ရေသယ်ယာဥ် အစီး ၃၀ ၊ မီးသတ်လေယာဥ်နှင့် ရဟတ်ယာဥ်များ ထောက်ပံ့ထားကြောင်း အမေရိကန်နိုင်ငံ အဖွဲ့အစည်းမျိုးစုံပါဝင်သော အန္တရာယ်ရှိဖြစ်ရပ်မျိုးစုံစီမံခန့်ခွဲရေးစနစ်တစ်ခုဖြစ်သည့် InciWeb အဆိုအရ သိရသည်။ (Xinhua)
………………………
(English Version)
Hundreds of structures at risk by wildfire in Central California
LOS ANGELES, Aug. 5 (Xinhua) — Hundreds of structures are threatened by a fast-moving wildfire that has scorched over 82,000 acres (about 332 square km) in less than five days in Central California, authorities said Tuesday.
The wildfire, dubbed the Gifford Fire, broke out Friday afternoon when four separate ignitions along a California highway merged into a single wildfire currently burning on the Santa Lucia Road in both San Luis Obispo and Santa Barbara counties, according to the U.S. Forest Service and the California Department of Forestry and Fire Protection.
Authorities said that the blaze is threatening more than 870 structures and was only 7 percent contained as of Tuesday morning.
The fire has prompted evacuation orders for residents in Santa Barbara and San Luis Obispo.
“Due to erratic fire behavior, residents should watch for changing conditions in their area,” U.S. Forest Service officials warned in an incident update.
As the warming and drying trend in the area is expected to continue from Wednesday through the weekend, firefighters will continue to construct contingency lines on the north and south flanks, authorities added.
There are more than 1,900 personnel assigned to the fire, alongside 40 hand crews, 115 engines, 23 dozers and 30 water tenders supported by air tankers and helicopters, according to InciWeb, a U.S. interagency all-risk incident information management system. ■
Photo: Undated aerial photo provided by BC Wildfire Service on June 9, 2023 shows wildfires burning in Northeast region of British Columbia, Canada. (BC Wildfire Service/Handout via Xinhua)