International Organizations
ဘာစီလိုနာဂိုးသမားဟောင်း နက်တို ဘိုတာဖိုဂိုအသင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်နေ

ရီယိုဒီဂျနေးရိုး၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ဘာစီလိုနာ ဂိုးသမားဟောင်း နက်တိုသည် သြဂုတ် ၅ ရက်က ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ဘိုတာဖိုဂိုအသင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်နေပြီဖြစ်သည်။
၃၆ နှစ်ရှိနက်တိုသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်နှင့်နှစ်ဖက်သဘောတူ စာချုပ်ဖျက် သိမ်းခဲ့ပြီးနော က် ဘရာဇီးပြည်တွင်းအမှတ်ပေးချန်ပီယံဆုနှင့်တောင်အမေရိကချန်ပီယံဆုဖလားများ ရယူနိုင်ခဲ့သည့်ဘိုတာဖိုဂိုနှင့် ၂ နှစ်စာချုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း
Globo Esporte သတင်းဖော်ပြမှုအရ သိရသည်။
နက်တိုကို ဖလာမင်ဂိုအသင်းက စိတ်ဝင်စားခဲ့သေးသော်လည်း ဘိုတာဖိုဂိုက ပုံမှန်ပွဲထွက်ကစား ခွင့်ပေးမည်ဟု ကတိပေးခဲ့ခြင်းကြောင့် ဘိုတာဖိုဂိုအား နက်တိုက ရွေးချယ်ခြင်းဖြစ်သည်ဟု သိရသည်။
ဘိုတာဖိုဂိုသည် ဝက်စ်ဟမ်းအသင်းထံသို့ ဂိုးသမားဂျွန်ဗစ်တာကို ရောင်းချရန်ဆွေးနွေးနေသလို ဂိုးသမားသစ်တစ်ဦးကိုခေါ်ယူရန် ဦးစားပေးစီစဉ်နေခြင်းလည်းဖြစ်သည်။
နက်တိုသည် ဘရာဇီးလက်ရွေးစင်အဖြစ် ၁ ပွဲ ကစားခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်က ဘာစီလိုနာမှ ဘုန်းမောက်သို့ ပြောင်းရွေ့လာခဲ့ပြီးနောက် ဘုန်းမောက်အတွက် ပြိုင်ပွဲစုံ ၆၃ ပွဲ ကစားပေးခဲ့သည်။ နက်တိုသည် ယမန် နှစ်ရာသီက အာဆင်နယ်တွင်အငှားကစားခဲ့သေးသော်လည်း တစ်ပွဲသာ ကစားခွင့်ရခဲ့သည်။ (Xinhua)
………………………..
(English Version)
Ex-Barcelona goalkeeper Neto set for Botafogo move
RIO DE JANEIRO, Aug. 5 (Xinhua) — Former Barcelona goalkeeper Neto arrived in Rio de Janeiro on Tuesday ahead of his expected move to Botafogo.
The 36-year-old is set to sign a two-year deal with the reigning Brazilian and South American champions, having parted ways with English Premier League club Bournemouth by mutual consent, Globo Esporte reported.
Neto also attracted the interest of Flamengo but chose to enter talks with Botafogo after being promised a regulator starting role, the report said.
Botafogo has prioritized the signing of a new goalkeeper as it negotiates the sale of John Victor to West Ham United.
Neto, who has one Brazil cap, made 63 appearances across all competitions for Bournemouth following his 2022 move from Barcelona. He spent last season on loan at Arsenal, where he played just one match.