Connect with us

Africa & Middle East

အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အစီအစဉ်ဖြင့် တုံ့ပြန်မည်ဟု ဘရာဇီးသမ္မတ လူလာ ပြောကြား

ဘရာဇီးနိုင်ငံ မြို့တော်ဘရာဇီးလီးယား၌ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ရောက်ရှိလာခဲ့သော လူးဝစ်ဇ်အင်နာစီယို လူလာဒါဆေးလ်ဗား (လယ်) အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံက ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အခြေအနေတစ်ရပ်ဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ၎င်းတိုးမြှင့်မှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ တင်ပြမည်ဖြစ်ကြောင်း သမ္မတ လူးဝစ်ဇ်အင်နာစီယို လူလာဒါဆေးလ်ဗားက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့တော်ဘရာဇီးလီယာတွင် ကျင်းပသည့် စဉ်ဆက်မပြတ် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အစည်းအဝေးတွင် သမ္မတလူလာက အမေရိကန်၏ အဆိုပါကုန်သွယ်ရေးလှုပ်ရှားမှုကို “မတရားမှု” အဖြစ် သရုပ်ဖော်ကာ နိုင်ငံတကာ စင်မြင့်ထက်တွင် ဘရာဇီးနိုင်ငံ၏ တိုးတက်မှုကို မီးမောင်းထိုးပြခဲ့သည်။

“အစိုးရက ဘရာဇီးပြည်သူတွေကို ကတိပေးပါတယ်။ ဒီမတရားတဲ့ တိုက်ခိုက်မှု လျော့ပါးစေဖို့နဲ့ ဒီတိုက်ခိုက်မှုကြောင့် စီးပွားရေးနဲ့ လူမှုရေး ထိခိုက်မှုတွေ သက်သာစေဖို့ အရေးပေါ် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမှာပါ” ဟု သမ္မတလူလာက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဒီအစီအမံတွေကြောင့် ထိခိုက်ခံစားရတဲ့ ဘရာဇီးအလုပ်သမားတွေနဲ့ ကုမ္ပဏီတွေကို ကာကွယ်မှာြဖစ်သလို ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အပါအဝင် ရရှိနိုင်တဲ့ ယန္တရားအားလုံးကနေတစ်ဆင့် ဆောင်ရွက်သွားမှာပါ” ဟု သမ္မတလူလာက စီးပွားရေးခေါင်းဆောင်များ၊ သမဂ္ဂခေါင်းဆောင်များ၊ စိုက်ပျိုးရေးကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

ဘရာဇီးသည် စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ အမေရိကန်အာဏာပိုင်များနှင့် ဆွေးနွေးမှုများကို မတ်လမှစတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သမ္မတလူလာက ပြောကြားခဲ့သည်။

အမေရိကန်က ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို စိန်ခေါ်ရန်အတွက် ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက WTO ထံ မေတ္တာရပ်ခံချက်အား သြဂုတ် ၁၈ ရက်တွင် တင်သွင်းမည်ဖြစ်သည်။ ထိုအချိန်၌ ဘရာဇီးက အမေရိကန်၏ အဆိုပါစီမံချက်အပေါ် ၎င်း၏တုံ့ပြန်မှုကို တရားဝင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————–
(English Version)
Brazil to respond to U.S. tariffs with contingency plan: Lula

BRASILIA, Aug. 5 (Xinhua) — Brazil will respond to a steep tariff increase imposed by the United States with a contingency plan and take its case to the World Trade Organization (WTO), President Luiz Inacio Lula da Silva said Tuesday.

During a meeting of the Council for Sustainable Economic and Social Development held in Brasilia, the president depicted the U.S. trade move as “unjust” and highlighted Brazil’s progress on the international stage.

“The government’s commitment is to the Brazilian people. We will implement a contingency plan to mitigate this unjust attack, and alleviate its economic and social damage,” Lula said.

“We will protect Brazilian workers and companies affected by these measures and will resort to all available mechanisms, including the World Trade Organization, to defend our interests,” Lula told business leaders, union organizers, agricultural representatives and members of civil society.

Brazil continues to pursue negotiations, he said, noting that talks with U.S. authorities have been underway since March.

Brazil will officially announce its response to the tariff increase on Aug. 18, when its foreign ministry files a request with the WTO to challenge the measure adopted by the United States. ■

English Caption

Luiz Inacio Lula da Silva (C) arrives for the inauguration ceremony in Brasilia, Brazil, on Jan. 1, 2023. (Xinhua/Wang Tiancong)