Connect with us

Europe

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ် အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
“အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဟာ သူတို့ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်တွေကို အမှီအခိုကင်းစွာ ရွေးချယ်ခွင့်ရှိသလို သူတို့ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံတွေကိုလည်း ဆုံးဖြတ်ခွင့်ရှိပါတယ်” ဟု အိန္ဒိယအပေါ် အမေရိကန်၏ စည်းကြပ်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ ပက်စ်ကော့ဗ်က မှတ်ချက်ပြုခဲ့သည်။
ရုရှားနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ဖြတ်တောက်ရန်အတွက် ကမ္ဘာ့နိုင်ငံများအား အကျပ်ကိုင်ရန် ရည်ရွယ်သည့် ကြေညာချက်များ ထွက်ပေါ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုများမှာ တရားဝင်မှုမရှိဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားထံမှ ရေနံများဝယ်ယူတင်သွင်းကာ ထပ်ဆင့်ရောင်းချမှုနှင့် ပတ်သက်၍ အိန္ဒိယအား စည်းကြပ်ခွန်နှုန်းထား သိသိသာသာ တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၄ ရက်၌ ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်သည့် Truth Social ၌ ရေးသားခဲ့သည်။
ဩဂုတ် ၅ ရက်က CNBC ရုပ်သံနှင့် အင်တာဗျူးတစ်ခု၌လည်း ထရမ့်က အိန္ဒိယအား စည်းကြပ်ခွန် တိုးမြှင့်မည်ဟူသော ခြိမ်းခြောက်မှုကို ထပ်လောင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းနဲ့ သဘောတူထားပြီးပါပြီ။ ဒါပေမဲ့ သူတို့က ရုရှားဆီကနေ ရေနံဝယ်ယူနေတဲ့အတွက် လာမယ့် ၂၄ နာရီအတွင်း အဲဒီနှုန်းထားကို အများအပြား တိုးမြှင့်ရမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဆက်လက်၍ အိန္ဒိယမှာ ကောင်းမွန်သော ကုန်သွယ်ဖက်မဟုတ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရုရှားထံမှ ရေနံတင်သွင်းမှုများအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဝေဖန်မှုများမှာ လျော်ကန်မှုမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိဟုဆိုကာ ပယ်ချခဲ့သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ (Xinhua)
………………….
(English Version)
Sovereign nations free to choose trade partners: Kremlin spokesperson
MOSCOW, Aug. 5 (Xinhua) — Sovereign nations have the right to choose their trade and economic partners based on their own interests, Kremlin spokesperson Dmitry Peskov said on Tuesday.
“We believe sovereign countries must and do have the right to independently choose their trade and economic cooperation partners, as well as determine the forms of such cooperation that align with their own interests,” Peskov said, commenting on U.S. tariff threats against India.
There have been numerous statements intended to coerce countries into severing trade ties with Russia, he said, deeming such threatening remarks unlawful.
On Monday, U.S. President Donald Trump said in a post on Truth Social platform that he would significantly raise tariffs on India over its import and resale of Russian oil.
On Tuesday, Trump repeated the tariff threat against India in a televised interview with the CNBC. “We settled on 25 percent, but I think I’m going to raise that very substantially over the next 24 hours because they’re buying Russian oil.” Meanwhile, the U.S. president said that “India has not been a good trading partner.”
On Monday, India’s Foreign Ministry released a statement dismissing as “unjustified and unreasonable” the U.S. and European Union criticism of its Russian oil imports. ■
English Caption
This photo taken on April 21, 2025 shows a view of the Kremlin in Moscow, Russia. (Xinhua/Cao Yang)